အနွေ့အတွက်တော့ လွမ်းငွေ့ဟာ ခြံထဲကစက္ကူပန်းတွေနဲ့တူတယ်
ပထမဆုံးပွင့်လာတော့ တွယ်နှောင်စိတ်ကလေးတွေ ခြံထဲယှက်နွယ်မနေသေးပါ။
အခုများကျတော့ ခြံတံခါးဟာသော့ခတ်လို့တောင်မရ..
စေ့ထားရုံလေးဘဲတတ်နိုင်ပါတယ်။
အဝါရောင်စက္ကူပန်းတွေ အနွေ့ရင်ထဲမှာလည်းတနင့်တပိုးနဲ့သိမ်းဆည်းထားရသည်။ဂိမာန်နွေကုန်တော့ ကျောင်းတွေပြန်ဖွင့်တယ်။
အထက်တန်းပြီးသွားတော့ အနွေဟာတက္ကသိုလ်ကျောင်းသူဖြစ်လာချေပြီ။
အထက်တန်းတုန်းက ကျောင်းဟာရပ်ကွက်ထဲမှာဘဲမို့ စက်ဘီးနဲ့သွားလို့ရပေမယ့် တက္ကသိုလ်ကျတော့ အနွေရထားနဲ့သွားဖြစ်တယ်။ရထားတွေမြင်ရင် နွေတုန်းကအဝါရောင်ကလေးကိုသတိရမိသည်။
နောက်တစ်ခါဆိုတာများရှိရင် အနွေအဲ့ဒီမိန်ကလေးကိုမေးချင်မိသည်။
"အဝါရောင်တွေပြန်ပေးနိုင်မလား"ဆိုပြီးတော့ပေါ့..။
အနွေ့အဝါရောင်တွေ ဒီဘူတာမှာဘဲပျောက်ရှခဲ့ရသည်။'အနွေ ဟုတ်တယ်မလား'
ဒီနေ့ဟာ တက္ကသိုလ်စစတက်ပြီးဒုတိယလဖြစ်သည်။
ပထမဆုံးအတန်းချိန်မှာတင် အနွေအိပ်ငိုက်နေတုန်း ခေါ်သံကြားမိသည်။'ဟုတ်ပါတယ်'
အနွေပြန်ဖြေရင်းကြည့်မိလိုက်တော့ အဝါရောင်တွေဝဲပျံနေတာကိုတွေ့လိုက်ရတယ်။
အဲ့ဒီအညိုရောင်ဆံပင်တွေ..
ဒီတစ်ခါလည်းသူဟာ အဲ့ဆံပင်တွေကိုစည်းထားပြန်တယ်
ကြက်သွေးရောင်ဇာအကျီကိုမှ အနက်ရောင်ဖောက်ထားတဲ့ထဘီနဲ့အရမ်းကိုလိုက်ဖက်လွန်းနေတယ်။နွေရာသီကပျောက်ရှသွားတဲ့အဝါရောင်တွေ အဲ့ဒီမိန်းကလေးနဲ့အတူ အနွေ့ဆီဖန်ပြန်ရောက်လာချေပြီ။
'မှတ်မိသေးရဲ့လားမသိဘူး ဘူတာမှာတစ်ခါ၀င်တိုက်မိတဲ့တစ်ယောက်လေ'
မမှတ်မိစရာရယ်လို့မရှိပါဘူးလို့ဖြေလိုက်ချင်မိသည်။
အဲ့ဒီမျက်၀န်းအိမ်၊အဲ့ဒီအညိုရောင်ဆံပင်တွေ အနွေ့ရဲ့နွေတစ်ခုလုံးမှာ ကာရံထားတဲ့အဝါရောင်စက္ကူပန်းတွေနှယ်သာမေ့မရနိုင်ခဲ့ပါလို့ အနွေပြန်သာဖြေချင်မိတော့သည်။
YOU ARE READING
Yellow Mystery
Romanceအဝါရောင်စက္ကူပန်းတွေရင်ထဲသိုဝှက်လာတဲ့အခါ မီးခိုးရောင်တွေဟာ အငွေ့ပျံသွားခဲ့တယ်။ ထပ်မပြောဖြစ်ခဲ့တော့မယ့် အရောင်တွေထဲမှာတော့ ထိုအဝါရောင်စက္ကူပန်းတွေနဲ့တူတဲ့ပုံရိပ်ကလေးဟာ အမြဲတမ်းတွယ်နှောင်ရစ်နေမယ့် နောင်တတစ်ခုအနေနဲ့သာကျန်ရစ်နေတော့တယ်။