" ဟုတ်လား ကောင်းတာပေါ့ "
မေမေက ဖွဖွပြုံးရင်းဆိုသည်။တွန်းအားတွေ၊ဖိအားတွေ ဘာတစ်ခုမှမပေးပါ။ " သားငယ် အဆင်ပြေရင်ပြီးတာပါပဲ " ဟုသာပြောသည်။
" ဒီလမ်း သေချာပါတယ် "
အမြဲသတိတရရှိခဲ့တဲ့ ဒီနေရာ၊ဒီလမ်းလေးကို သူအမှတ်မမှားပါ။သို့သော် အရင်ကနဲ့ ဘာတစ်ခုမှ မတူအောင်ပြောင်းလဲနေသည်။ ဒီလမ်းလေးဟာ သူ့ရဲ့နွေဦးလမ်း။ ဦးရဲ့စက်ဘီးလေးနောက်ကနေ လိုက်စီးပြီး ဦးခေါ်ဆောင်လို့ ပထမဆုံးရောက်ခဲ့တဲ့လမ်း။
အရင်က မြေလမ်းလေးဟာ အခုကွန်ကရစ်လမ်းလေးဖြစ်နေပြီ။ ဦးနဲ့အတူသောက်ခဲ့တဲ့ စွယ်တော်ရိပ်လက်ဖက်ရည်ဆိုင်လေးကို လမ်းအစကနေ အဆုံးငါးကြိမ်တိတိလျှောက်ပြီး ရှာတာတောင် ရှာမတွေ့။စွယ်တော်ရိပ်ဆိုင်လေးလည်း မတွေ့သလို၊စွယ်တော်ပင်လေးကိုလည်း မတွေ့ ။
ဒါ့အပြင် ဦးနဲ့အတူထိုင်ခဲ့တဲ့ကြံရည်ဆိုင်လေးလည်းမရှိတော့။စာအုပ်အဟောင်းဆိုင်လေးနဲ့ပန်းဆိုင်လေးလည်း ပျောက်ကွယ်လို့။ ဘယ်ဆီများ ရောက်ကုန်ကြသလဲ ။
အနီးနားပတ်ဝန်းကျင်ရဲ့ပြောစကားအရလမ်းတိုးချဲ့တုန်းက ဆိုင်ခန်းတွေဖျက်ပေးလိုက်ရတယ်တဲ့။
နောက်တစ်ကြိမ်လာရင် နွားနို့မသောက်ဘဲ ဦးလိုကျဆိမ့်သောက်မယ်ဆိုတဲ့ အတွေးကို လက်တွေ့မလုပ်နိုင်တော့ဘူးပေါ့။လက်ဖက်ရည်ဆိုင်လည်း ပျောက်၊စွယ်တော်ပင်လည်း ကွယ်၊ဦးကလည်း ပယ်။
ဘဝက ဘာကြောင့် ဒီလောက်ခါးသီးရသလဲ။
.
ဘာသတင်းမှမဆိုပဲ ပြန်လာခဲ့သည့်ကောင်လေး၊ လူကိုမြင်တော့ နားလည်ရခက်စွာ ပြေးထွက်သွားသည့်ကောင်လေး၊အခု သူရှေ့မှာ ရုပ်တည်လေးဖြင့်တည်တည်ငြိမ်ငြိမ်ရှိနေသည်။
" မင်္ဂလာပါ "
သူနှုတ်ဆက်လိုက်တော့ သူ့ကိုတချက်ကြည့်ပြီး ခေါင်းငြိမ့်ပြသည်။ အင်တာဗျူးလာဖြေသည့်လူတစ်ယောက်အနေနဲ့ နှုတ်ဆက်ပုံက ဒီလိုတဲ့လား။
" ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါဦး "
သူ့ကို အေးစက်စွာစိုက်ကြည့်လာပြီးနောက်
Part - 21
Începe de la început