[ဒါကို တရားဝင်စီးပွါးရေးခရီစဉ်အဖြစ် သတ်မှတ်လို့ရမလား? လက်မှတ်ခ ပြန်ပေးမှာလား?]

ဝမ်ဟွိုင် : [.......]

ဒီအချိန်ကျမှ ရှားလော့ဟာ အလုပ်မရှိသေးတဲ့လူငယ်လေးတစ်ယောက်ဆိုတာ သူ သတိရတော့တယ်။

တစ်ဖက်မှာတော့ ဝမ်ဟွိုင်က ရှောင်လီရဲ့လာမယ်ဆိုတဲ့ကတိကြောင့် စိတ်သက်သာရာရစွာ သက်ပြင်းချမိပြန်တယ်။ သူက လိပ်စာနဲ့ဆက်သွယ်ရမယ့်အချက်အလက်တွေကိုပေးရင်း သတိပေးချက်ပါ ပေးခဲ့တယ်။
[လေယာဉ်နဲ့မလာနဲ့။ ဒီရာသီဥတုမှာ လေယာဉ်တွေ နားထားတယ်။ ရထားနဲ့လာပါ]

ရှန်ချန်ကျီးက တံခါးဖွင့်ပေးတယ်။

"သွားကြစို့"
ရှောင်လီက အိမ်မှာတစ်ကောင်တည်းကျန်ခဲ့မယ့် ကြောင်ဖြူလေးအတွက် အလိုအလျှောက်အစာကျွေးစက်ကို တင်ဆင်ထားခဲ့တယ်။ သူက မတ်တပ်မရပ်ခင် ၂ခါလောက် ပွတ်သပ်ကျီစယ်လိုက်သေးတယ်။ ရှန်ချန်ကျီးက ရှောင်လီ့လက်ထဲက ခရီးဆောင်အိတ်ကို ယူလိုက်တယ်။ ထို့နောက် ရှောင်လီက ရှပ်အင်္ကျီပါးပါးပဲ ဝတ်ထားတာ တွေ့တော့ ပုခုံးကို ကိုင်လိုက်တယ်။

ရှောင်လီက ဗလာသက်သက် လှည့်ကြည့်လိုက်တယ်။ "ဘာဖြစ်လို့လဲ?"

"ကုတ်အင်္ကျီတစ်ထည် ထပ်ဝတ်" ရှန်ချန်ကျီးက သူ့ကိုပြောလိုက်တယ်။

ရှောင်လီက ငြင်းတယ်။ "သိပ်မအေးပါဘူး"

ရှန်ချန်ကျီးရဲ့စကားတွေက ရိုးရှင်းတယ်။ "မိုးရွာနေတယ်လေ"

ရှောင်လီအောက်ဆင်းလာတော့ သူ့ဖုန်းက မြည်လာတယ်။ သူက ခေါ်ဆိုသူကိုကြည့်လိုက်ပြိး တစ်ခဏလောက် ရပ်တန့်သွားတယ်။ ရှန်ချန်ကျီးက သူ့ဘေးကနေလမ်းလျှောက်လာရင်း သူ့အပြုအမူကို သတိထားမိသွားတယ်။
"ဘာဖြစ်လို့လဲ?"

ရှောင်လီက ဘာမှမပြောပဲ ဖုန်းချလိုက်တယ်။ သို့သော်လည်း တစ်ဖက်က ဖုန်းကို ဆက်တိုက်ခေါ်နေတယ်။ နောက်ဆုံး သူက ဖုန်းဖြေလိုက်တော့ ရှောင်ယွီကျန်းရဲ့ အသံကို ကြားလိုက်ရတယ်။
"ရှောင်လီ"

ရှောင်လီက ပုံမှန်အတိုင်း ကော်ရစ်ဒါအပြင်ဘက်ကို ကြည့်နေတယ်။ မိုးတွေက မြူလွှာတွေပေါ် ကျဆင်းနေတဘ်။ သူက ဒီလိုရာသီဥတုမျိုးက မကြိုက်ပါဘူး။
"ဟမ်?"

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now