" သွားရအောင်သား.."

လက်မှတ်ထိုးရမဲ့ အချိန် နီးနေပြီမို့ မားက သူ့ရဲ့..လက်ကလေးကို ဆုပ်ကိုင်ပြီး ခေါ်သွားသည်။ လက်မှတ်ထိုးပွဲက ထိုလူ့ အိမ်မှာ လုပ်မှာမလို့...ထိုလူ...အင်း...သူ့အဖြစ်က စမ်းသား..အခုထိ..ကိုယ်လက်ထပ်မဲ့သူရဲ့ နာမည်ကိုတောင် မသိသေးဘူး....မားမားတို့ကိုလည်း..မမေးဖြစ်သေးဘူး...သူ့အကြောင်းသိတာဆိုလို့..ကိုယ့်ထက် နှစ်နှစ်ငယ်တယ်ဆိုတာကိုဘဲ..သိ၏။သူ့ထက်သာ အသက်ငယ်တာ..ခန္ဓာကိုယ်အရွယ်စားက သူ့ထက်ထွားပြီး..သူက ထိုလူနဲ့ယှဉ်ရင်..တကယ့် သေးသေးလေး...ဘာဖြစ်လို့ အဲ့လောက်တောင် ထွားနေတာလဲ..မသိ


ထိုလူ့အကြောင်းတွေးနေတုန်း ကားက ကြီးမားတဲ့ အိမ်ကြီးရှေ့မှာ ရပ်လိုက်တာကြောင့်..သူငေးပြီး ကြည့်နေမိသည်။

သူငေးပြီး ကြည့်နေမိသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


သူတို့အိမ်ထက်ကြီးပြီး လှပတာကြောင့်...ဂျောင်ဂု တအံ့တဩဖြစ်နေမိသည်။ ထိုလူက သူတို့ထက် ချမ်းသာတယ်ထင်၏။ခေတ်မှီ ဒီဇိုင်းနဲ့ အဆင့်မြှင့်မြှင့် ဆောက်လုပ်ထားမှန်းသိသာလှ၏။

"သား..ဆင်းကြမယ်လေ..ထယ်ယောင်းလေးတို့ စောင့်နေကြလိမ့်မယ်.."

မားမားပြောတာ မကြားရပေမဲ့..သူ့ကို ကားပေါ်က ဆင်းဖို့ပြောမှန်းသိတာကြောင့်...မားမားရဲ့ လက်ကို ဆုပ်ကိုင်ပြီး ဆင်းလိုက်သည်။ပါးပါးကလည်း...မောင်းသူနေရာက ဆင်းပြီး..သူ့ဘေးမှာလာရပ်သည်။ ဒီအချိန်မှာ သူစိတ်လှုပ်ရှားတာဘဲသိတယ်...ခြေထောက်တွေက တုန်နေပြီး..ခြေလှမ်းလှမ်းလိုက်တိုင်းမှာ..အားမရှိတော့သလိုပင်..ပထမဆုံးအကြိမ် လူများသည့်နေရာကို သွားရတာဖြစ်လို့လား..ကိုယ့်ရဲ့ လက်ထပ်ပွဲဘဲဖြစ်နေလို့လားမသိ..ရင်ထဲတလှပ်လှပ်နဲ့ တစ်မျိုးကြီး ဖြစ်နေ၏။

Dear Ko Ko ( Complete)Where stories live. Discover now