*~.သားလေး...ဘာတွေ အတွေးလွန်နေတာလဲ.~*

သူ့လက်ထဲ စာအုပ်လေးထည့်ပေးပြီး မေးတဲ့ မားမားကြောင့်..သူပြုံးပြီး ခေါင်းခါပြလိုက်သည်။

*~.မားမား...တို့က သားလေးအတွက်စီစဉ်ပေးတာနော်...မားမားတို့ကို စိတ်မဆိုးပါနဲ့.~*

သူခေါင်းငုံပြီး..မားမားကို ခေါင်းခါပြလိုက်သည်။မားမားတို့ကို သူစိတ်မဆိုးပါဘူး..

" သားလေး.."

မားမားက စာရေးပြတာမဟုတ်ဘဲ သူ့ရဲ့မျက်နှာလေးကို မေးဖျားကနေပင့်ပြီး ခေါ်လိုက်တာက..သူမကြားရင်တောင်..နားလည်သည်။ တစ်ခြားသူတွေစကားတော့မသိပေမဲ့ ပါးပါးနဲ့ မားမားပြောတာဆို သူဘာမှ မကြားတောင် နှုတ်ခမ်းလှုပ်ပုံကို ကြည့်ပြီး နားလည်၏။

" သားလေးရဲ့ မျက်ဝန်းတွေက ဝမ်းနည်းမှုတွေရဲ့ ကြောက်ရွံ့မှုတွေကို မားမား မြင်နေရတာ..သားလေးရဲ့ မျက်လုံးလေးတွေကို ဖုံးကွယ်လို့ မရဘူးဆိုတာ သိလား..မားသားလေးက..အဖိုးတန်..မျက်လုံးလှလှလေးတွေကို ပိုင်ဆိုင်ထားတာဘဲ..မားမားသားလေးရဲ့ မျက်လုံးလေးမျိုး ကမ္ဘာပေါ်မှာ ဘယ်သူ့မှာမှရှိမှာမဟုတ်ဘူး..စကားပြောတတ်တဲ့ မျက်လုံးလေးတွေလေ "

*~...........~*

" သားလေး...မားမား တို့သားကို စိတ်ချချင်တယ်ကွယ်...မားတို့ စိတ်ချအောင်..ပျော်ပျော်ရွင်ရွင်နေမယ်မလား..မားမားရဲ့ မျက်ဝန်းဝိုင်းလေး.."

မားမားရဲ့စကားတွေကို သူနားလည်နေတာကြောင့်ထင်တယ်...မျက်ရည်တွေဝဲလာပြီး ခေါင်းငြိမ့်ပြလိုက်သည်။သူလည်း..မားမားတို့လို...ထိုလူ့ရဲ့စကား နားလည်အောင် ကြိုးစားရအုံးမယ်ထင်တယ်...တစ်ခါတစ်လေတော့လည်း..စကားမပြောတတ်ချင်ပေမဲ့..နားတော့ကြားချင်မိသည်။


မားမားနဲ့ ပါးပါးရဲ့ အသံလေးရော..ငှက်ကလေးတွေရဲ့ တေးသီသံလေးတွေရော..တူညံတယ်လို့ ပြောပြောနေကြတဲ့ အသံလေးတွေရော သူကြားချင်မိသည်။မားမားရဲ့ အသံလေးက ချိုပြီး..ပါးပါးရဲ့ အသံက ကြည်လင်မယ်ထင်တယ်...အဲ့ဆို ထိုလူ့ အသံကရော..ပြီးတော့ သူသာ စကားပြောတတ်မယ်ဆို သူ့အသံကရော.ဘယ်လိုရှိမလဲ သိချင်မိ၏။နောက်ဘဝဆိုတာသာရှိရင်..ချို့ယွင်းချက်တွေ မရှိဘဲ မွေးဖွားလာချင်မိသည်။


Dear Ko Ko ( Complete)Donde viven las historias. Descúbrelo ahora