ခဲယ်လ်တစ်ကို ပထမဆုံးအကြိမ်စတွေ့တုန်းက Aslan ကို တွေ့တယ်လို့ သူထင်ခဲ့ပြီး ထို့နောက် ခဲယ် လ်တစ်က သူ့ကိုပြုစုစောင့်ရှောက်ဖို့ မျိုးနွယ်စုဆီ ပြန်ခေါ်သွားခဲ့ကာ သူ့ကိုဂရုစိုက်ပေးခဲ့တာကို သူ မှတ်မိနေပါသေးတယ်။မသိလိုက်စွာနဲ့ဘဲ သူဒီမှာ နှစ်၀က်ကျော်နေခဲ့ပြီး သုံးလထပ်ကြာရင် သူဒီမှာနေတာ တစ်နှစ်ပြည့်ပြီ။ ဒီအချိန်အတောအတွင်းမှာ လူနေမှုအဆင့်အတန်းက သိပ်မကောင်းမွန်ခဲ့ပေမယ့်လည်း သူအရမ်းပျော်တယ်။

ဒီလူနဲ့ ဘ၀တသက်တာလုံး လျှောက်လှမ်းဖို့ ကတိပြုပြီး နောင်လာမယ့်နေ့ရက်တွေမှာ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီ မှီခိုအားကိုးကြမယ်။ အနာဂတ်မှာ သူတို့နှစ်ယောက်ကြားက ဘဝက ဘယ်လိုမျိုးဖြစ်လာမလဲဆိုတာကို ပိုင်မုစတင်တွေးတောလာခဲ့ပါပြီ။ စားစရာရှာဖို့ တောထဲ အတုတူသွားကြမယ် ။ အိမ်အတူတူဆောက်ကြပြီး အသက်ကြီးတဲ့အထိ အတူတူအဖော်ပြုသွားကြမယ်။

ဆောင်းရာသီရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ရုတ်တရက် တွေးမိပြီး ပိုင်မုမျက်မှောင်ကြုတ်လိုက်တယ်။ နွေဦးရာသီအစပြီးနောက် သူတို့က အဆောက်အဦးအတွက် အမြန်ဆုံးပြင်ဆင်ဖို့ လိုအပ်နေသေးတယ်။ ထို့နောက် ဆောင်းရာသီကို ဘေးကင်းစွာဖြတ်သန်းနိုင်စေဖို့အတွက် ခံတပ်တွေတည်ဆောက်ဖို့ရာ လိုအပ်တယ်။

ပိုင်မုက ခဏလောက်ထိုင်နေပြီး ခဲယ်လ်တစ် နိုးလာပုံမပေါ်သေးတာကို တွေ့လိုက်ရတော့ အပြင်ပြန်ထွက်သွားတယ်။ စာအုပ်စင်ကိုသွားပြီး ဗိသုကာနဲ့ဆိုင်တဲ့စာအုပ်တွေကို ရှာတွေ့ဖို့ မျှော်လင့်ချက်နဲ့ သူသွားရှာခဲ့တာပါ။ရလဒ်အနေနဲ့ အချိန်အတော်ကြာ ရှာဖွေပြီးနောက် စာအုပ်ပုံတစ်ခုကြားမှာ "အုတ် ၊ အုတ်မီးဖိုနဲ့ အုတ်ဖုတ်နည်း" မိတ္တူတစ်အုပ်သာ တွေ့ရှိခဲ့ပြီး ကျန်တာတွေ မရှိပါဘူး။

"ဘာရှာနေတာလဲ ပိုင်မု" သူ လှန်လှောရှာဖွေနေတာတွေက  ခဲယ်လ်တစ်ကို နိုးသွားစေပြီး သူက အလုပ်ရှုပ်နေတဲ့ပိုင်မုကိုကြည့်ဖို့  မျက်လုံးဖွင့်လိုက်တယ်။

"အိမ်ဆောက်ဖို့ စာအုပ်ရှာနေတာ ထမင်း အဆင်သင့်ဖြစ်ပြီ ကျွန်တော် ခင်ဗျားအတွက် ယူလာပေးမယ်" ပိုင်မုက စာအုပ်ကိုချလိုက်ပြီး ဆန်ပြုတ်နဲ့ မီးဖိုချောင်ထဲက ဝက်သားပြုတ်အချို့အပြင် သွေးခဲစွပ်ပြုတ်တစ်ပန်းကန်ပါ ယူလာပေးခဲ့တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now