ကားတစ်ရဲ့ ကြီးမားတဲ့မျက်၀န်းတွေက  မျက်နှာတစ်ဝက်လောက်သာ ပြသထားတဲ့  သူ့ရဲ့သားရဲဖခင်ကို ကြည့်လိုက်ပြီး သားရဲအဖေက သူ့ကို ကြင်နာစွာကြည့်နေတာကို တွေ့လိုက်ရတော့ ဝမ်းသာအားရ သူ့ခေါင်းလေးကို မြှောက်လိုက်ပြီး ပန်းရောင်လျှာလေးကို ဆန့်ထုတ်လိုက်ကာ လက်လေးတွေနဲ့ ရင်းနှီးမှုကို ဖော်ပြလိုက်တယ်။

အန်ဒီက သူ့နှလုံးသားထဲက ပျော်ရွှင်တဲ့ခံစားချက်တွေနဲ့ အဖေနဲ့သားအတွဲကို ကြည့်နေခဲ့တယ်။ မိသားစုက အတူတကွနေနိုင်သရွေ့ မျက်စိဆုံးရှုံးသွားတာက တကယ်ကို ဘာမှမဟုတ်ပါဘူး။

"အန်ဒီ အိမ်မှာလား" အန်ဒီက နေမကောင်းတဲ့သူနဲ့ ကလေးကို တစ်ယောက်တည်းပြုစုပေးနေရမှာကို အယ်လီနဲ့ အေဘယ်တို့က စိုးရိမ်နေတာကြောင့် သူတို့ဆီ ရောက်လာကြတယ်။

"ဟုတ်တယ် မြန်မြန်ဝင်လာခဲ့" အန်ဒီက သူတို့ကို တည်တည်ငြိမ်ငြိမ်နဲ့ နှုတ်ဆက်လိုက်တယ်။

"အန်ဒီ အားမို နေပိုကောင်းလာပြီလား မင်းအကူအညီလိုမလားလို့ ငါတို့လာကြည့်တာ" အယ်လီတို့နှစ်ယောက်သားက ဂူထဲ ဝင်သွားလိုက်ကြတယ်။

"အားမို ပိုကောင်းလာပါပြီ ကားတစ်လည်း ဒီရက်တွေမှာ အရမ်းလိမ်မာ‌နေတာ ငါတစ်ယောက်တည်း လုပ်နိုင်ပါတယ်" အန်ဒီက သူတို့ရဲ့ ကြင်နာမှုအတွက် အရမ်ကျေးဇူးတင်မိသွားတယ်။ဒါပေမယ့် အယ်လီနဲ့ အေဘယ်က အားမိုကို နှုတ်ဆက်ပြီး သူတို့မပြန်ခင်  အန်ဒီရဲ့အိမ်မှုကိစ္စတွေကို ကူညီပေးခဲ့တယ်။

ပိုင်မုက ပြင်ပကကိစ္စတွေကို စီစဉ်ပြီး နေရာလွတ်ထဲ ပြန်လာခဲ့တော့မှ ခဲယ်လ်တစ် အိပ်ပျော်နေပြီဖြစ်ကြောင်း သိလိုက်ရတယ်။ သူက  အန်းချီလော့ ချက်ပြုတ်ထားတဲ့ မှိုနဲ့၀က်သားမွမွစဥ်းဆန်ပြုတ်ကို သိုလှောင်ခန်းထဲမှာ ထည့်လိုက်တယ်။ ထို့နောက် ကုတင်အစွန်းမှာ ထိုင်ပြီး ခဲယ်လ်တစ်အိပ်နေတာကို ငူငူငိုင်ငိုင်လေး စိုက်ကြည့်နေခဲ့တယ်။

ခဲယ်လ်တစ်ရဲ့ မျက်တောင်တွေက အရမ်းရှည်နေတယ်၊ ​​ဘာလို့ အရင်က သူသတိမထားမိတာလဲ။ အခုအချိန်မှာ သူ့မျက်နှာက အနည်းငယ် ဖြူဖျော့နေပြီး နှုတ်ခမ်းတွေကလည်း အနည်းငယ် ဖြူဖျော့နေကာ နွမ်းနယ်နေပုံရတယ်။ သို့သော်လည်း အခုက ယခင်ရက်အနည်းငယ်ကထက် များစွာပိုမိုကောင်းမွန်လာပြီဖြစ်ပြီး orc တွေရဲ့ ပြန်လည်နာလန်ထူနိုင်စွမ်းက အရမ်းအားကောင်းတယ်။ခဲယ်လ်တစ်က ရက်အနည်းငယ်အတွင်း ပြန်တက်ကြွလာပြီး အဖျားကို ပြန်လည်တိုက်ထုတ်နိုင်လိမ့်မယ်လို့ သူထင်တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now