သူ့ရဲ့ သာယာပြီး သည်းခံနေတဲ့ အမူအရာကို မြင်တော့ ပိုင်မုက သူ့လက်လှုပ်ရှားမှုတွေကို အရှိန်မြှင့်လိုက်တယ်။ သူ့ဝမ်းဗိုက်အောက်ပိုင်း တင်းကျပ်လာတာကို ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်အောက်ပိုင်းက တုံ့ပြန်လာတယ်။ ဒီအခိုက်အတန့်မှာ ခဲယ်လ်တစ်ရဲ့သက်တောင့်သက်သာဖြစ်နေတဲ့ ညည်းညူသံတွေလည်း ထွက်ပေါ်လာတယ်။ ပိုင်မုက ရှက်ရွံ့သွားပြီး သူ့ကို အလျင်အမြန် သန့်ရှင်းရေးလုပ်လိုက်ကာ စောင်နဲ့ အုပ်လိုက်ပြီး ဇလုံတစ်ခုနဲ့ ပြေးထွက်သွားတယ်။

သူက ဒီလူရှေ့မှာ မျက်နှာမပျက်ချင်တဲ့အပြင် သူရဲ့ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို ဖြေရှင်းဖို့ အလုပ်များနေတယ်။ ခဲယ်လ်တစ်က ပိုင်မုအလျင်အမြန်ထွက်ခွာသွားတာကို ကြည့်လိုက်ပြီး သူ့ရဲ့သာယာမှုနဲ့ ကျေနပ်မှုတွေက သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့တယ်။ ပိုင်မုက သူ့ကို မုန်းနေတာလား။ ပိုင်မုပေါ်လာတာကို စောင့်မျှော်ရင်းနဲ့ သူက ကုတင်ပေါ်မှာ မငြိမ်မသက်  လဲလျောင်းလိုက်တယ်။

အချိန်အတော်အတန်ကြာပြီးနောက် ပိုင်မုက မ၀င်လာခဲ့ဘူး။ သူက အံကြိတ်လိုက်ပြီး အိပ်ရာထကာ သူ့ကိုရှာဖို့ ဆုံးဖြတ်လိုက်တယ်။ ထိုအချိန်မှာ ချစ်စရာကောင်းပြီး ပန်းရောင်တောက်နေတဲ့ပါးပြင်နဲ့အတူ ပိုင်မုအထဲ၀င်လာခဲ့ပြီး ဒါက ခဲယ်လ်တစ်ကို  ငေးကြည့်မိသွားစေတယ်။

"ခဲယ်လ်တစ် ခင်ဗျား ဘာလုပ်နေတာလဲ" ပိုင်မုက သူတကယ်အိပ်ရာက ထချင်နေပြီး အံကြိတ်ထားတာကို တွေ့လိုက်ရတယ်။"ကိုယ်~ကိုယ် မင်းကိုရှာချင်တာပါ" ခဲယ်လ်တစ်က နာခံမှုရှိတဲ့ ပါပီတစ်ကောင်လို ပြန်လဲလျောင်းလိုက်ပြီး ပိုင်မုကို သနားကောင်းစွာ ကြည့်လိုက်တယ်။

"ဘာပြောနေတာလဲ ကျွန်တော် ခဏပဲ ထွက်သွားရသေးတာလေ" သနားစရာကောင်းသလိုဟန်ဆောင်တာနဲ့ပဲ ခွင့်လွှတ်မယ်လို့ မထင်လိုက်နဲ့။ ပိုင်မုက သူ့ကို စိုက်ကြည့်လိုက်တယ်။

" မင်း ကိုယ့်ကို ကြောက်နေတာလား?"  ခဲယ်လ်တစ်က နုံအအလေးမေးလိုက်တယ် ။

" ခင်ဗျားက ကျွန်တော့်ကို ဘာလို့ကြောက်စေရမှာလဲ" သူကလည်း ယောက်ျားတစ်ယောက်ဖြစ်ပြီး  ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို နားလည်တယ်။ ဒါက ဘာလို့သူ့ကို ထိတ်လန့်စေနိုင်မှာလဲ။ ပိုင်မုက သူ့ဒဏ်ရာကို စစ်ဆေးကြည့်လိုက်ပြီး အခုလေးတင်ပြုမူခဲ့တဲ့ သူ့လုပ်ရပ်ကြောင့် ဒဏ်ရာက ကွဲမသွားဘူးဆိုတာ အတည်ပြုပြီးနောက် စိတ်သက်သာရာရသွားတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now