ညဘက်ကြီး ဖြစ်တာရော မြို့ပြင် ဖြစ်နေတာကြောင့်ပါ..လူသူရှင်းတဲ့ ကားလမ်းမပေါ်မှာ..ကားတားနေကြတဲ့ ယောကျာ်းတစ်ဦး...ကြည့်ရတာ သူတို့ စီးလာတဲ့ ကားပျက်သွားတာနေမယ်...သူလည်း..အစတည်းကမြင်နေတာ..ဂျောင်းဝန်းနဲ့တူတာကြောင့်..ကားမောင်းရင်း ကြည့်လာတာ...

"ဟုတ်တယ် ချယ်...ကိုယ်တို့တွေ ဆင်းကြည့်ရအောင်..ဂျောင်းဝန်း မဟုတ်လည်း..အကူညီလိုတယ်ဆိုလည်း..အကူညီပေးကြတာပေါ့..ဒီလမ်းမှာ ကိုယ်တို့ကားက လွှဲရင် ကားလာမှာမဟုတ်ဘူး..ကိုယ်တို့တောင် ဘူဆန်က အပြန်နောက်ကျနေလို့..ညမိုးချုပ်သွားတာ.."

"ကောင်းတယ်...အစ်ကို..ချယ်တို့ ဆင်းကြည့်ကြမယ်.."

သူတို့လည်း..ကားတားတဲ့ လူနဲ့ မလှမ်းမကမ်းမှာကားရပ်ပြီး...ဘောက်ထဲက ထီးယူကာ...ဆင်းသွားလိုက်၏။

"ဟင်!...အစ်ကိုဂျောင်းဝန်း.!."

"ဂျောင်းဝန်း!.."

"ထယ်မင်~...ချယ်ယောင်း~."

သူတို့ သုံးယောက်စလုံး တစ်ယောက်ကိုတစ်ယောက် ငေးကြည့်နေမိကြသည်။ ငယ်စဉ်တည်းက အရမ်းချစ်ခဲ့ကြတဲ့သူငယ်ချင်းတွေက အိမ်ထောင်ကျတော့လည်း..အတူတူပင်....ပျောက်ချင်းမလှ ပျောက်ပြီးမှ အခုမှ တွေ့ရတော့ အားလုံး မျက်ရည်ဝိုင်းရ၏။

"ကိုရယ်..အကူညီတောင်းစရာ~...."

ကားပျက်လို့ အကူညီတောင်းခိုင်းရန် လုပ်နေပေမဲ့ အခုထိ တစ်ဖက်လူကို စကားစမပြောသေးတဲ့ ခင်ပွန်းကြောင့်...ဆွန်းဂျီ ကားပေါ်က ဆင်းလိုက်တော့ မြင်လိုက်ရတဲ့လူတွေကြောင့်..ဝမ်းသာလုံးဆို့သွားသည်။

"ချယ်.!..အစ်ကို ထယ်မင်!."

မိုးရွာထဲမှာ ထီးကိုယ်စီဆောင်းပြီး..အကြည့်တွေဆုံနေကြတဲ့ လူလေးဦး...ငယ်သူငယ်ချင်းတွေမို့....ရာသီ အလီလီ ပြောင်းခဲ့ပေမဲ့.. အခုထိ နွေးထွေးနေကြတုန်းပင်...

"ဆွန်း...ဝမ်းသာလိုက်တာ ဆွန်းရယ်..ဒီတစ်သက် ပြန်မတွေ့ရလောက်တော့ဘူးတောင် ထင်နေဝာာ..."

ချယ်ယောင်းက ဆွန်းဂျီကို ဖက်ကာ ငိုပြီးပြောနေသလို..ဆွန်းဂျီလည်း အသံတိတ်ငိုကာ ပြန်ဖက်ထားလိုက်သည်။

Dear Ko Ko ( Complete)Where stories live. Discover now