Part-20

3.8K 163 9
                                        

(Unicode)

ဂူဂူးရဲ့ အသံကြောင့် ကလေးတွေလိုရန်ဖြစ်နေကြသော နဒီသက်လျာနှင့် နွေးကိန္နရီတို့ နှစ်​ယောက် ကလေးငယ်ဆီသို့အကြည့်ရောက်လာသည်။ နေ့လည်ခင်းအိပ်ပြီး နိုးလာသည့်ကလေးငယ်ဟာ ဆံပင်ဆုတ်ဖွားလေးဖြစ်နေပြီး မျက်လုံးလေးတွေကိုလည်း လက်ဖြင့်​ ပွတ်နေ၏။ နွေးက ကလေးငယ်ဆီသို့သွားကာ ကလေးငယ်အား ကောက်ချီလိုက်ပြီး..

''နိုးပြီးလား သမီးလေး''

''ဟုတ် မေမေ...ဟိုဟာလေ ခုနက
ဘာပြနေတာလဲလို့ ဂူဂူးကိုလည်းပြလေ
ဂူဂူးလည်းကြည့်ချင်လို့''

''အာ...အော်...ဂူဂူး...ချောကလက်ကိတ်မုန့်
ကြိုက်တယ် မဟုတ်လား''

''ဟုတ်...မေမေ...ဂူဂူးကြိုက်တယ်''

ကလေးငယ်က မျက်လုံးကလေးများ အရောင်လတ်ကာခေါင်းလေးတဆတ်ဆတ်ညိတ်ပြလာ၏။

''မေမေက မေမေ့ရဲ့သမီးလေးအတွက် ချောကလက်ကိတ်မုန့်လေးဝယ်ထားတယ် သိလား''

ဂူဂူးအတွက် ဝယ်ထားသည့် ချောကလက်ကိတ်လေးနှင့်ဂူဂူးအား အာရုံလွှဲရတော့သည်။

''ဂူဂူးလေးက စားမှာလား''

''စားမှာပေါ့ ဟီး''

''ဟုတ်ပြီ ကဲ...ချောကလက်ကိတ်သွားစားကြမယ်''

''ရေးး..ချောကလက်ကိတ်စားမယ်''

နွေးက ဂူဂူးအားချီကာ သက်လျာအား မျက်စောင်းလှမ်းထိုးလိုက်ပြီး အရွဲ့တိုက်ကာ ခြေထောက်ကို သိသိသာသာ
စောင့်နင်း၍ ထမင်းစားခန်းဘက်သို့ထွက်သွားသည်။

''အမယ်... အမယ်...ငါ့များ မျက်စောင်းထိုးသွားသေးတယ်
ဘယ်လိုဟာလေးလည်း မသိဘူး ကိုင်ပေါက်လိုက်လို့
တကိုင်စာတောင်မရှိတဲ့ဟာလေးက အကြောလာတင်းပြ
နေတယ်''

သက်လျာကတော့ ဆိုဖာမှာထိုင်ရင်း မကျေနပ်စွာပြော၍ ကျန်ခဲ့တော့တာပေါ့။ထိုအချိန် သက်လျာဆီသို့ ရောင်နီသက္ကရာဇ်ဆီမှ ဖုန်းဝင်လာသည်။

''အေး ရောင်နီပြော''

''အင်း သက်လျာ အားရဲ့လား''

''အားပါတယ် ပြောလေ''

''ငါမနေ့ကပဲ ခက်ရဲ့ စာမေးပွဲ result တွေကြည့်ပြီးပြီ''

မြတ်နိုးမှုမှ အစပြု၍Donde viven las historias. Descúbrelo ahora