Part-6

3.9K 175 2
                                        

(Unicode)

သက်လျာ သူမ၏သူငယ်ချင်းခွန်းသီရိစံနှင့်စကားပြောပြီးနောက်မှ နွေးနှင့် စကားမဆုံးသေးတာကိုသတိထားမိတော့သည်။အချိန်ကိုကြည့်လိုက်တော့ ၁၁နာရီလည်းထိုးတော့မည်ဆိုတော့ နွေးလည်းအိပ်လောက်ရောပေါ့။
သက်လျာ နွေးအခန်းသို့ လာကြည့်တော့ နွေးက
စာရေးစားပွဲမှာ ခေါင်းလေးမှောက်ကာအိပ်နေသည်။

''ကျစ်...ဒီကောင်မလေးကတော့ ကုတင်ပေါ်မှာ
မအိပ်ဘူး''

သက်လျာလည်း နွေး စာရေးစားပွဲ နားသို့ရောက်လာပြီး
ပါးဖောင်းဖောင်းလေးများနှင့် ချစ်စရာကောင်းစွာ
အိပ်ပျော်နေသည့် နွေး၏မျက်နှာကလေးကြောင့်
ပြုံးမိသည်။

''ဟွန်း...ရုပ်ကလည်း ဆိုးလိုက်တာ''

စာရေးစားပွဲပေါ်က စက္ကူကြယ်ပွင့်ကလေးတွေကို
ကြည်ပြီး...

''ကြယ်တွေ ခေါက်ပြီး ဘာအရူးထ​ပြန်တာလဲ''

နောက်ထပ် သတိပြုမိသည်က ပွင့်လျှက်သား
ဖြစ်နေသည့် note စာအုပ်လေးပေါ့။ ပွင့်လျှက်သားစာမျက်နှာပေါ်မှာ ရေးထားသည့် လက်ရေးညီညီလေးများ
နှင့် ဆန္ဒလေးတခု ကိုကြည့်ပြီး သက်လျာပြုံးလိုက်မိသည်။
ရှေ့စာရွက်လေးကို လှန်ကြည့်မိတော့ နွေးရေးထားသည့်
စာလေးတချို့က....

// သို့.....ဖေဖေနဲ့ မေမေ

ဖေဖေနဲ့ မေမေကို နွေးသိပ်လွမ်းတယ်
ဘာလို့ နွေးကို တယောက်တည်းထားခဲ့ရတာလဲဟင်
ဖေဖေ....ဖေဖေရဲ့ တယောသံလေးကို နွေးသိပ်သတိရတယ်
ဖေဖေက တယောထိုးတဲ့အခါ မေမေက သီချင်းလေးဆိုပြတဲ့
အချိန်လေးကို နွေးသိပ်လွမ်းတယ် ဖေဖေနဲ့မေမေ နွေးဆီကို
ဘယ်တော့မှပြန်မလာတော့ဘူးလားဟင်...နွေးသူငယ်ချင်းတွေကို သူတို့ ဖေဖေတွေ မေမေတွေက ကျောင်းလာကြိုတာ
မြင်ရင်နွေး သိပ်ဝမ်းနည်းရတယ်.... နွေးမှာ အဲ့လိုလေးတွေ
မျှော်လင့်ခွင့်မရှိတော့ဘူးလေ...အမှောင်တွေကိုသိပ်ကြောက်တယ် ဖေဖေရယ်...ပြီးတော့ မိုးခြိမ်းသံတွေကိုလည်း
နွေးသိပ်ကြောက်တယ် မေမေ....မိဘမဲ့ဆိုတဲ့ဘဝက
သိပ်သိမ်ငယ်ရတယ်....နွေးဟာ မိဘမဲ့တယောက်
အဖေ မရှိဘူး အမေ လည်း မရှိဘူး နွေးသိပ်ကြောက်တယ်
သိလား....ဖေဖေနဲ့ မေမေ့ကို ပြန်လိုချင်တယ်
မေမေ့ ရင်ခွင်ထဲမှာ နားချင်တယ် ဖေဖေရဲ့အရိပ်ကလေးအောက်မှာ ခိုလှုံချင်တယ်....ဘာလို့များလဲဟင်
ဘာလို့ နွေးကို ထားခဲ့ကြတာလဲဟင်...နွေးက ကလေးပဲရှိသေးတာလေ...ဖေဖေနဲ့ မေမေရဲ့ ကလေးငယ်လေးဆို
ဒါဆို ဘာလို့ကလေးငယ်လေးကို တယောက်တည်း
ပစ်ထားခဲ့ကြတာလဲ...နွေး စိတ်လည်းဆိုးတယ်
နွေး စိတ်ဆိုးနေတယ်ဆိုရင် လာချော့ရမှာလေ
ဘာလို့ အကြာကြီး ပစ်ထားရတာလဲ...
ပြန်လာမှာမဟုတ်လားဟင်...အဲ့ဒီနေ့က ဖေဖေနဲ့မေမေ
ပြောခဲ့တယ်လေ...အလုပ်ကနေ ပြန်လာရင်နွေးအတွက်
ချောကလက်ကိတ်လေး ဝယ်ခဲ့မယ်ဆိုပြီး အခုထိ
ပြန်မလာကြဘူး....နွေးစောင့်နေတာလေ
ဒါပေမဲ့ နွေးဆီပြန်ရောက်လာတာက ချောကလက်ကိတ်လေးအစား ဖေဖေနဲ့မေမေဆုံးသွားပြီဆိုတဲ့ သတင်းလေးပဲရောက်လာခဲ့တယ်...ဆေးရုံမှာ အကျယ်ကြီးအော်ငိုနေတဲ့ ကလေးမလေးတယောက်ကိုဆရာဝန်တွေ သူနာပြုတွေ
နှစ်သိမ့်ပေးတဲ့စကားလေးက''ဖေဖေနဲ့မေမေက အပြင်ခဏသွားတာ ပြန်လာမှာပါ ကလေးရယ်''တဲ့...ညာတယ်
သူတို့တွေ ညာတယ်...ပြီးတော့..ဖေဖေနဲ့မေမေလည်း
နွေးကိုညာတယ်...ပြန်လာခဲ့မယ် ဆိုပြီး အခုထိ ပြန်မလာကြဘူး...နွေး စောင့်နေတယ်လေ
အနည်းဆုံးတော့...အိပ်မက်လေးထဲကိုဖြစ်ဖြစ်ရောက်လာပြီး​နွေးကို ဖက်ထားပေးလို့ရမလားဟင်...မိုးတွေရွာပြီးလျှပ်စီးတွေလည်း လပ်နေတယ်.... နွေးတယောက်တည်း အရမ်းကြောက်နေလို့ပါ //

မြတ်နိုးမှုမှ အစပြု၍Where stories live. Discover now