ပိုင်မုတို့သုံးယောက်ရဲ့ စေ့စေ့စပ်စပ်ဂရုစိုက်မှုအောက်မှာ လိနကျယ်က လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာပြီး အခုအခါမှာ သူက အန်းချီလော့နား အားကြိုးမာန်တက် လှည့်ပတ်နေနိုင်ပြီဖြစ်ပါတယ်။ ခဲယ်လ်တစ်ရဲ့ အသားအရေကလည်း များစွာ တိုးတက်ကောင်းမွန်လာပြီး အိပ်ရာနိုးချိန်ပိုများလာကာ အချိန်လည်း ပိုကြာလာတယ်။။ လိန်းကျယ်ရဲ့ ပြန်လည်ထူထောင်ရေးအပြီးမှာ ပိုင်မုက ကလေးနှစ်ဦးကို ပြုစုစောင့်ရှောက်ဖို့ သူ့ကိုပေးခဲ့ပြီး ခဲယ်လ်တစ်ရဲ့ဒဏ်ရာတွေ ပြန်လည်ကောင်းမွန်လာစေဖို့ နေရာလွတ်ထဲ ခေါ်ဆောင်သွားခဲ့တယ်။

အပြင်ဘက်မှရာသီဥတုက ဒဏ်ရာတွေကို ကုစားဖို့ အရမ်းအေးတယ်။ ခဲယ်လ်တစ်ရဲ့ခန္ဓာကိုယ်ကို ရေပတ်မတိုက်ပေးနိုင်ဘဲ ဒီလိုသာဆက်ဖုံးထားရင် ခဲယ်လ်တစ်က အနံ့အသက်ထွက်လာလိမ့်မယ်လို့ သူသံသယဖြစ်မိတယ်။ ပိုင်မုနောက် အမြဲလိုက်နေတဲ့သူက နေ့တိုင်းရေပူစမ်းမှာ ရေစိမ်ပြီးနောက် အခုရက်အနည်းငယ်ကြာအောင် ရေမချိုးရလို့  အရမ်းအဆင်မပြေဖြစ်နေတယ်။

ဒါကြောင့် နေရာလွတ်ထဲ၀င်ပြီး ခဲယ်လ်တစ်ကို  နေရာချ‌ပေးပြီးနောက် ပိုင်မုက သူ့ခန္ဓာကိုယ်ကို  ရေပတ်တိုက်ပေးဖို့အတွက် ခဲယ်လ်တစ်ဆီ စမ်းရေပူတွေ ယူလာခဲ့တယ်။ ခဲယ်လ်တစ် ဒဏ်ရာအပြင်းအထန်ရပြီးနောက်မှာ သူက သွေးအလွန်အကျွံဆုံးရှုံးခဲ့ပြီး သူ့ခန္ဓာကိုယ်က အေးခဲသွားကာ အပြင်ဘက်မှာ ရာသီဥတုအေးလွန်းတာကြောင့် ပိုင်မုနဲ့ အခြားသူတွေက ခဲယ်လ်တစ်ကို မသန့်ရှင်းပေးရဲခဲ့ပါဘူး။

ပိုင်မုက ခဲယ်လ်တစ်ရဲ့ပြီးပြည့်စုံတဲ့သွင်ပြင်ကို ထင်ရှားစေဖို့အတွက် ဘောင်းဘီတစ်ထည်ပဲ ကျန်ရှိစေဖို့ ခဲယ်လ်တစ်ရဲ့အဝတ်တွေကို ခက်ခက်ခဲခဲချွတ်ပစ်လိုက်တယ်။ ပိုင်မုက တင်းကျပ်စွာ ပတ်တီးစည်းထားတဲ့ ခဲယ်လ်တစ်နဲ့ သူ့တစ်ကိုယ်လုံးမှာရှိတဲ့ အမာရွတ်တွေကို ကြည့်ပြီး အဲဒီ့ကောင်းမွန်တဲ့ရုပ်ရည်ကို သတိထားမိတဲ့ဆန္ဒ မရှိခဲ့ဘူး။ သူ အခုစတင်လို့မရဘူးလို့ ခံစားရရုံပါ။

ခဲယ်လ်တစ်က လည်ပင်းဝိုင်းကြီးကြီးနဲ့ အင်္ကျီလက်တိုဝတ်ထားတဲ့ သူ့ချစ်သူကို ကြည့်လိုက်တယ်။ ကျယ်ပြန့်တဲ့ လည်ပင်းအနားသတ်က ဖြူစင်သောအသားအရည်နဲ့ မိန်းမပျိုရဲ့ညှပ်ရိုးကို ပြသထားတယ်။ ခဲယ်လ်တစ်ရဲ့မျက်၀န်းထဲမှာ ပြင်းပြတဲ့ချစ်ခြင်းမေတ္တာတွေကို ဖုံးကွယ်ထားပြီး သူ့နှလုံးခုန်သံက မသိလိုက်စွာနဲ့ပဲ အရှိန်ပြင်းလာခဲ့တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Onde histórias criam vida. Descubra agora