သူတို့မျိုးနွယ်စုရဲ့ ကြီးမြတ်တဲ့စုန်းမက သေဆုံးသွားပြီဖြစ်တာကြောင့် သေဆုံးသွားသူတွေကို မြင့်မြတ်တဲ့မြေမှာ  သင်္ဂြိုဟ်လိုက်ရုံသာရပြီး မျိုးနွယ်စုက လူတွေက  ကြီးမြတ်တဲ့ဘုရားသခင်ဆီ ပြန်လည်ရောက်ရှိသွားလား မရောက်သွားဘူးလားဆိုတာကို မသိနိုင်တော့ပါဘူး။ သို့သော် အခမ်းအနားမရှိပေမယ့်လည်း ကြီးမြတ်တဲ့စုန်းမနဲ့အတူ ဘုရားသခင်ဆီ  သူတို့ချောချောမွေ့မွေ့ ပြန်သွားနိုင်သင့်တယ်မလား။

Orcs တွေက မျိုးနွယ်စုခေါင်းဆောင်ရဲ့နောက်ကို လိုက်ကြတယ်။ သူတို့ရဲ့အရင်ကညီအစ်ကိုတွေ၊ သူငယ်ချင်းတွေနဲ့ မျိုးနွယ်စုဝင်တွေကို ကြည့်ပြီး အရမ်း၀မ်းနည်းကြတယ်။ စစ်သည်တော်တွေနဲ့ သူတို့ရဲ့မိသားစု၀င်တွေရဲ့ ရုပ်ကြွင်းတွေကို သယ်ဆောင်ပြီး မြင့်မြတ်တဲ့မြေဆီကို စတင်ထွက်ခွာသွားကြတော့တယ်။သူတို့က ခြင်္သေ့တောင်ပံမျိုးနွယ်စုရဲ့ မြင့်မြတ်တဲ့မြေဆီ ဦးစွာသွားလိမ့်မယ်။ ထို့နောက် ကျားတောင်ပံမျိုးနွယ်စုရဲ့ မြင့်မြတ်တဲ့မြေဆီ သွားကြမှာပါ။

ခဲယ်လ်တစ်တို့က ဂူထဲမှာ နောက်ထပ် တစ်ရက်နေခဲ့တယ်။ သုံးရက်မြောက်တဲ့နေ့မှာ ခဲယ်လ်တစ်က အဖျားမတက်တော့ပေမယ့် အမျိုးမျိုးသော ထည့်သွင်းစဉ်းစားရမယ့် အချက်တွေကြောင့် အိမ်ဆီ ပြန်လည်ပြောင်းရွှေ့ခဲ့တယ်။ မိသားစုက ကြီးမြတ်တဲ့စုန်းမဆီက ဆေးကိုယူပြီး ပျော်ရွှင်စွာ အိမ်ပြန်ခဲ့ကြတယ်။

အိမ်ပြန်ရောက်တော့ ပိုင်မုက အိမ်မှာကျန်ခဲ့တဲ့ တိရစ္ဆာန်သားရေအနည်းငယ်ကိုကြည့်ပြီး ထူထဲတဲ့ စောင်ငါးထည်ကို နေရာလွတ်ထဲကနေ ယူထုတ်လိုက်တယ်။ထို့နောက် သူက လတ်ဆတ်တဲ့သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ နေရာလွတ်ထဲက သိုလှောင်ခန်းထဲမှာ ခဲယ်လ်တစ်ထည့်ထားတဲ့ လူလူသားရဲတစ်ကောင်ကို ထုတ်ယူလိုက်ကာ မိသားစုရှိ လူနာနှစ်ဦးအတွက် ပြင်ဆင်ပေးခဲ့တယ်။။

ပိုင်မုက လူလူသားရဲရဲ့အသည်းနဲ့  တရုတ်ဆီးသီး(jujube)တွေကို အသုံးပြုပြီး သွေးအားတိုးစေတဲ့ စွပ်ပြုတ်တစ်အိုးကို ချက်ပြုတ်ကာ အိမ်မှာရှိတဲ့ လူနာနှစ်ဦးကို စတင်ကုသခဲ့တယ်။ မနက်ဖြန် ဒီစွပ်ပြုတ်ကို ငါးခေါင်းမြေပဲစွပ်ပြုတ်နဲ့ အစားထိုးဖို့ သူစဉ်းစားထားပြီးသားပါ။ သူတို့နှစ်ယောက်လုံးက ဒဏ်ရာတွေရထားတာကြောင့် အစပ်မစားရသလို အသားကင်လည်းမစားသင့်ပါဘူး။ ပိုင်မုက နေရာလွတ်ထဲသွားပြီး အသားအိုးကြီးတစ်အိုးကို ချက်ပြုတ်ကာ သိုလှောင်ခန်းထဲ ထည့်လိုက်ပြီး စားတဲ့အခါ စွပ်ပြုတ်အချို့ကို ပြန်ထုတ်လိုက်မယ်။ အန်းချီလော့ကတော့ အသီးအရွက်ဆန်ပြုတ်တစ်အိုးကို ချက်ပြုတ်လိုက်ရုံပါပဲ။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now