မမလေးအစစ်ကပြန်တိုက်ခိုက်ဖို့အစားအစာကိုပဲအားကိုးတယ်

Start from the beginning
                                    

ဂဏန်းအစာသွတ်လိမ္မော်သည် ဆုန်းမင်းဆက်မှာ အရောင်၊ အနံ့၊ အရသာနှင့် စုံလင်သော  နာမည်ကြီးသည့်ဟင်းလျာဖြစ်သည်။ နှစ်ပေါင်းရာကျော်ကြာမြင့်ခဲ့ပြီးဖြစ်သော်လည်း ယခုခေတ်လူများကြားထဲတွင်ပါ အသက်ဝင်နေသေးသည့် ဟင်းချက်နည်းပင်ဖြစ်လေသည်။

ရွှေရောင်လိမ္မော်သီးများအတွက် အပေါ်ပိုင်းအနည်းငယ်ကို လှီးဖြတ်ပြီး လိမ္မော်အသားကို ဖြတ်ယူကာ လိမ္မော်ရည်အနည်းငယ်ကိုတော့ ချန်ထားရသည်။

ပြည့်ဖြိုးသောဂဏန်းများကို လင်ပန်းပေါ်တွင် ပေါင်းပြီးသည်နှင့် ထန်ချောင်းချောင်းသည် ကျွမ်းကျင်စွာဖြင့် ဂဏန်းအသားများ၊ ဥများ၊ အနှစ်များကို ခြစ်ထုတ်သည်။ ဂျင်းနှင့် ဝိုင်ထည့်ကာ မွှေကြော်နေသောအိုးထဲတွင် ငရုတ်ကောင်းများကိုထည့်သည်။

ကြော်နေစဥ်အတွင်းမှာ လုပ်ပုံလုပ်နည်း ညင်သာသင့်ပြီး ဂဏန်းဥနှင့် အနှစ်များများသည် ပုံမပျက်သွားဖို့လိုသည်။ ထိုမှသာ ပြန့်ကြဲမနေပဲ ကြည့်ကောင်းမည်ဖြစ်၏။

အနံ့ထွက်လာသည်အထိ မွှေကြော်ပြီးနောက်မှာ လိမ္မော်အရည်နှင့် လိမ္မော်အသားများကို ကြော်ထားသောဂဏန်းအသားများနှင့် အတူတကွပေါင်းထည့်သည်။ အနီရောင်သည် အလွန်ကြည့်ကောင်းသည်။ နောက်ဆုံးတွင်တော့ ကော်ရည်များကို လောင်းထည့်ပြီး ပူစီပေါင်းများကဲ့သို့ ကြွတက်လာကြလေသည်။ ထို့နောက် လိမ္မော်သီးအခေါင်းပေါက်ထဲသို့ထည့်ကာ အဖုံးပိတ်ပြီး အပူချိန်များများတင်ကာ ငါးမိနစ်ခန့်ပေါင်းသည်။

ဂဏန်းခေါက်ဆွဲလုပ်နည်းသည်လည်း ဂဏန်းအစာသွတ်လိမ္မော်နှင့် ဆင်တူသော်လည်း လိမ္မော်အသားကိုတော့ မွှေကြော်စရာမလို။ ခေါက်ဆွဲသည် ထန်ချောင်းချောင်း၏ လက်လုပ်ခေါက်ဆွဲအပါးဖြစ်ပြီး ရနံ့သင်းကြိုင်သည့် လိမ္မော်ရောင်အမှုန့်နှင့်အတူ ခေါက်ဆွဲများကို လောင်းထည့်ကာ အစိမ်းရောင်ကြက်သွန်နီအနည်းငယ်ကိုဖြူး၍ စားသုံးရန်သာဖြစ်သည်။

“လာကြတော့”

ထန်ချောင်းချောင်း အမြန်ပြင်ဆင်ပြီးနောက် ဂဏန်းဟင်းသည် စားပွဲပေါ်အသင့်ဖြစ်သည်။

မမလေးအစစ်ကပြန်တိုက်ခိုက်ဖို့အစားအစာကိုပဲအားကိုးတယ်Where stories live. Discover now