" ဂျက်စီကာလိုပါပဲဗျာ ၊ ကျွန်တော်ကလည်း ဒီကိစ္စကို စိတ်မဝင်စားဘူး အဲ့တော့ ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ''

ဂျက်စီကာက နားလည်သဘောပေါက်တဲ့ပုံစံလေးနဲ့ ခေါင်းလေးညိတ်ကာ စဉ်းစားဟန်ပြုသည်။
စားပွဲထိုး လာချပေးသွားသော မုန့်တွေကို ယူစားလိုက်ရင်းမှ မျက်လုံးလေးထောင့်ကပ်ကာ သူမက အကြံရသလို စကားပြန်ဆက်သည်။

" ကျွန်မတို့နှစ်ယောက် အဆင်ပြေတဲ့ပုံစံလေးလုပ်ကြမယ်လေ ၊ မင်္ဂလာပွဲကို အချိန်ဆွဲရမယ် ဒီကြားထဲမှာ ကျွန်မတို့က လက်မခံတဲ့အရိပ်အယောင်မပြကြေး ''

" မိဘတွေကို လှည့်စားတဲ့အကွက်မျိုး?''

"အင်း.. ဟုတ်တယ် ဟုတ်တယ် ''

သူမက ကော်ဖီငုံသောက်ရင်း ထောက်ခံလာသည်မှာ တက်တက်ကြွကြွပင်။

" ဂျက်စီကာရဲ့အနားမှာ စတိဗ်ဆိုတဲ့သူအရမ်းနှောက်ယှက်တယ်မလား ''

" ဟင်?..ရှင်ကအဲ့ကိစ္စကိုသိတယ်ပေါ့''

" အင်း ကျွန်တော်လည်းအမှတ်တမဲ့နဲ့သိလိုက်ရတာပါ ပြီးတော့ ဂျက်စီကာက သတင်းတင်ဆက်သူလည်းဖြစ်တယ်ဆိုတော့ ဒါက တစ်ချို့တွေတောင် သိနေကြပြီ''

" ဟုတ်ပါတယ် ၊ ကျွန်မ သူ့ကို သိပ်အမြင်ကပ်မိတယ် ၊ ကျွန်မရဲ့အလုပ်တွေကိုလည်းအနှောက်အယှက်ဖြစ်သလို ကျွန်မကိုလည်းအနှောက်အယှက်ဖြစ်စေတယ်''

ဂျက်စီကာက မိန်းမကောင်းလေးတစ်ယောက်ဆိုတာ သူမအကြည့်အပြောအပြုအမူတွေကနေတစ်ဆင့် ခရစ်စတန်က ခန့်မှန်းမိသည်။

" အဲ့တာကို ဂျက်စီကာက ဘာမှမလုပ်ဘူးလား''

" ကျွန်မအတွက်ပိုပြီး ဇယားရှုပ်လာမှာစိုးလို့''

" မင်းအရမ်းညစ်နေမှာပေါ့ ''

" ဟုတ်တာပေါ့ ''

တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးသွားတဲ့အတွက် စကားဝိုင်းလေးက ပျင်းငွေ့စရာမရှိပေ။

" ဘေဘီ ''

ခေါ်သံကြီးက ချိုသာသလိုရှိပေမယ့် ကြက်သီးထစရာကောင်းနေသည်။ ဂျက်စီကာကတော့ ခရစ်စတန်ရဲ့မျက်နှာရိပ်မျက်နှာကဲကိုသာ ငေးကြည့်နေပြီး ကော်ဖီကိုသာ စိမ်ပြေနပြေသောက်နေလေသည်။

Peculiarly System [Completed ]Where stories live. Discover now