"ဉီးလေးကြီး...!"

"Baeနိုးပြီးလား...လက်မောင်းတွေတောင်နာနေပြီ.."

ဘာလို့ သူက ထိုသူ့ရင်ခွင်ထဲရောက်နေတာလဲ? လက်မောင်းအာ ဆန့်လို့နှိပ်နယ်နေသော ထိုလူကြီးသည် အမှန်တကယ် နာကျင်နေဟန်။

"အရမ်း နာနေလားဟင်...ဘာလုပ်ပေးရမလဲဟင်"

သူ့အမှားပေမို့ ဉီးလေးကြီးကို အမေးစကားဆိုလိုက်ပေမဲ့။ အရှက်မဲ့သော ထိုသူသည် baeနမ်းရင်​ေပျာက်မယ်တဲ့ ဘယ်လိုတောင် ဘရုတ်သုတ်ခကျနေတာလဲ။ သူကလည်း ယဉ်ကျေးစွာဖြင့်...

"လဲသေလိုက်!!"

ဆဲတာလေးကအစ ချစ်ဖို့ကောင်းနေတာ သူ့baeလေးပဲရှိမည်။သူတော့ ဒီနွံထဲက ရှုန်းထွက်နိုင်မှာ မဟုတ်တော့ဘူး။ ချာတိတ်လေးက ချစ်စရာလေးကွာ။ Hotel receptionကို အစားအသောက်တချို့ အခန်းထဲလှမ်းမှာလိုက်သည်။ မနက်ဖြန်မှပဲ သူ့baeနဲ့ လျှောက်လည်ကြတာပေါ့။

တံခါးပိတ်သံကြောင့် နောက်လှည့်ကြည့်မိတော့ ရေချိုးခန်းထဲဝင်သွားတဲ့ချာတိတ်လေး။ ကြည့်ရတာ singapore ရာသီဉတုနဲ့ အသားမကျသေးဘူးထင်၏။ ဒီနိုင်ငံဟာအပူပိုင်းရာသီဉတုဖြစ်တဲ့အပြင် ဘေဂျင်းထက်စာရင် ပိုပူသော မြို့တော်ဖြစ်သည်။ မှန်အပြင်မှ စင်ကာပူညရှုခင်းကိုကြည့်၍ ချာတိတ်လေးကိုစောင့်နေလိုက်သည်။

"ဟာကွာ!..."

baeလေးရေချိုးတော့ သူ့မှာအသေအလဲမျှော်လင့်ထားတာ။ အခုတော့သူလေးက ရေချိုးခန်းဝတ်စုံလေးတောင်မဟုတ်ဘူး ညဝတ်အကျီပါတစ်ခါထဲ လဲလာသေးတယ်။ တကယ်ပဲ စောင့်ရကျိုးမနပ်လိုက်တာ..

"ဘာဖြစ်တာလဲ??."

"baeကလဲကွာ ဘာလို့အကျီ တစ်ခါထဲဝတ်လာရတာလဲ..."

သူ့မှာတော့ ထိုလူကြီး မျက်စိမျက်နှာ မလှ၍ နေများမကောင်းဘူးလားလို့ စေတနာနဲ့မေးလိုက်ရတာ...ထိုသူကတော့ စနောက်နေလေ၏။

"နှာဘူးကြီး!! ..."

သူ့မှာလည်း ချာတိတ်လေးနဲ့ကျမှ နှာဘူးဖြစ်တော့သည်။နှာဘူးဆိုရင်တောင် သူက ချာတိတ်လေးတစ်ယောက်ထဲကိုပဲ ဘူးတာပါ ကျန်တဲ့လူတွေက နံ့သာနဲ့ရေလိုပဲ ဉီးနှောက်ထဲထည့်တောင် မစဉ်းစားဖူးဘူး။

Sean's Adorer (Complete) Tahanan ng mga kuwento. Tumuklas ngayon