ဟက်...တစ်နှစ်နေ့လို့ သာကြောင်းမာကြောင်းတောင်မမေးတဲ့ ထိုလူဟာ ဒီအရေးကိုတော့ စိတ်ဝင်စားတယ်တဲ့လား?

"သူကြောင့် gayဆိုတော့လည်း gayပေါ့"

"တောက် ရှောင်ကျီဖန်းရဲ့သားက စောက်ခြောက်တဲ့လား?? ဟိတ်ကောင် ငါရှေ့ရေးပိတ်လာလို့ကတော့ မင်းရဲ့gayကောင်အသက်ကို အာမခံဘူးနော်.."

ကြည့်ရတာ သူ့အသိုင်းအဝိုင်းမှာ ပြောစရာ ဖြစ်လာတယ်ထင်၏။ ဖြစ်ခြင်းတော့သမ္မတ စိတ်ဓာတ်ကတော့ တကယ့်အောက်တန်းစားပင်။ Seanက ရိုင်းသည် သို့သော် မျက်နှာနှစ်ခွနဲ့ထိုသူက ပိုရိုင်းသည်။

"ကျုပ်ကလည်း ခင်ဗျားရဲ့ မှောင်ခိုအလုပ်ကို ဖွင့်ချဖို့ဝန်မလေးဘူးနော်.."

ရှေ့တင်မှာတော့ ပြည်သူသည်သာ အဓိက...ပြည်သူ့ဆန္ဒဆိုပေမဲ့ နောက်ကွယ်ကနေတော့ နိုင်ငံပိုင် ကျောက်မြတ်တွေကိုခိုးထွက်နေတာ
သူမသိဘူးများထင်နေလား။ ဟောင်ကောင်ကို ခိုးပို့ထားတဲ့ရှေးဟောင်း ကြွေထည်ကိစ္စမှာလည်း သူ့မှာသက်သေအပြည့်အစုံရှိ၏။

"မင်း! !မင်း တောက်!!မွေးရကျိုးမနပ်တဲ့ သားပဲ!!"

ပြောရရင် သူ့ကြောင့် အမေသေရတာ။ ဝန်ကြီးရှောင်က သိပ်ကို ငွေမက်တာ။ သူအမေက ချမ်းသာသည်။ အမေက အချစ်တစ်ခုအတွက် အိမ်ကအလုပ်သမားကိုယူခဲ့တာ။ ဘိုးဘိုးတို့ကတော့ အမေကိုချစ်၍ အလိုလိုက်ခဲ့သည်။အဲ့တာကိုအခွင့်ကောင်းယူလို့ အိမ်ပေါ်တက်နေပြီး ပစ္စည်းဉစ္စာများကိုယူကာ ဘိုးဘိုးတို့အာသတ်ခဲ့သည်။

အခုသူက စီးပွား​ေရးနယ်ပယ်တစ်ခုမှာ အောင်မြင်တော့မှ သားအဖြစ်အမည်ခံခိုင်းနေတာ။ နိုင်ငံရေးသမားပီပီ သူ့အားကိုးနှင့်အာဏာရှိချင်နေတာ။နိုင်ငံရေးသမားတွေက မဲဆွယ်ဖို့ငွေလိုသည်လေ Seanဘဝတွင်အပေါဆုံးကငွေပဲလေ။သူကလည်း အရင်နှစ်ထဲက ရှောင်ကျီဖန်းနှင့်သူသည် ဘာမှမသတ်ဆိုင်ကြောင်း official ထုတ်ပြန်ပြီသား...ဒါကိုတောင် သူနဲ့လာနွှယ်နေတာ။ အဖေအဖြစ်က စွန့်လွှတ်ထားတာတောင် အမည်လာခံချင်နေသည်။

"အင်း...ဝါး.."

နှာခေါင်းထဲသို့ ဝင်လာတဲ့ တတိုင်းမွှေးပန်းရနံ့...သူဟာ ထိုပန်းကိုသိပ်ကြိုက်တာ..သို့သော် တတိုင်းမွှေး ရေမွှေးသည် စျေးကြီးသည်။ ပန်းပင်ဆိုလျှင် ရှာလို့ပင်မရပေ။ နေပါအုန်း သူကဘာလို့...

Sean's Adorer (Complete) Where stories live. Discover now