"ဟုတ်..ကျွန်တော် ပါးနဲ့ညှိနှိုင်းကြည့်လိုက်ပါ့မယ်"

တွေ့လား သူပြောပါတယ်။ဆဲဆိုကြိမ်းမောင်းတာထက် စကားကိုချိုချိုသာသာ ချက်ကျလက်ကျပြောတဲ့ ကောစကားကို ဘယ်သူက နားထောင်ချင်ဘဲနေမှာလဲ..

"ဒါဆို ကောလည်းအနားယူတော့မယ်။ မင်းတို့သုံးယောက် အခန်းပိတ်ပြီး ညနက်အထိ ဂိမ်းမဆော့နေနဲ့နော်!.."

တချို့ရက်တွေဆို ဟိုနှစ်ကောင်က သူ့အခန်းကျဉ်းထဲမှာ တိုးခွေ့လို့ဝင်အိပ်တတ်သည်။ ဒီကောင်တွေနဲ့ဆို ညလုံးပေါက်ဂိမ်းထိုင်ဆော့ဖြစ်တာများတာလေ...ဟိုတစ်လက အဲ့လိုဆော့မိလို့ ကောဟာသူတို့ကို
အပြစ်ပေးတဲ့အနေနဲ့ ဟင်းချက်မကျွေးပါဘူး။ဟင်းကောင်းထမင်းကောင်းတွေကို မြင်သာမြင် မကြင်ရတဲ့ဘဝကို သုံးကောင်လုံးရောက်ခဲ့ရတယ်။

>>>

မီးဖိုချောင်မှာ မားဟာသူတို့အတွက် မနက်စာပြင်ပေးနေရဲ့။ဟိုကောင် jackတစ်ကောင်က သူ့ထက်တောင် စောနိုးနေပါလား...နေစမ်းပါအုန်း ဒီကောင်ရုပ်က ဘာလို့လူယုတ်မာယုတ်ပေါက်နေတာလဲ? ကြည့်ရတာ မားစီက မုန့်နှိုက်စားနေသည်ထင်ပါ့။ ထိုကောင့် လက်ထဲက ကော်ဖီကာယူသောက်လိုက်စဉ်...

"ချီး...ဖွီး...မင်းကကော်ဖီက.."

ငန်လိုက်တာ...

"ဒေါင်းစား ငတ်တာကို!!မင်း အဖေအတွက် ငါဆားထည့်ဖျော်ထားတာ.."

"မေနိုးကောင်!!..."

ထိုခွေးကောင်အာ မကန်ရမချင်း သူကျေနပ်မည်မဟုတ်ပေ...

"ဟိုကောင် ဘယ်ထွက်ပြေးတာလဲ"

"မင်း ဘာသာ ငတ်ကြီးကျတာလေ..ငါနဲ့ ဘာဆိုင်လို့လဲ"

အပေါ်ထပ်မှ ဒုန်းဆိုင်းပြေးဆင်းလာသောကောကြောင့် သူတို့ပါရပ်တန့်လို့ ကောကိုကြည့်မိ၏။

"သားဝမ် ဘာဖြစ်လို့လဲ!"

မားမားကပါ စိတ်ပူတကြီးလှမ်းမေးသော အမေးကို...

"သားညက စောစောအိပ်ပျော်သွားတာ wechatက အလုပ်စောစောလာခိုင်း တဲ့ message ကိုမတွေ့လိုက်ဘူး။ အခုသွားမှရမယ်..မွ..မားသွားပြီနော်"

Sean's Adorer (Complete) Where stories live. Discover now