သေးပိန်တဲ့လက်ချောင်းလေးများကတရွေ့ရွေ့
လှုပ်ရှားအသက်ဝင်လာ၍ပျို့ပါးပြင်ကိုနုနုရွရွထိတွေ့စမ်းသပ်နေသည်။

"ပျို အန်တီ့ကိုမုန်းလားဟင်"

"မသိဘူး .. ပျိုဘယ်လိုဖြေရမလဲ"

မျက်ရည်စတွေကပ်ညိနေသောမျက်ဝန်းလေးက
ဂနာမငြိမ်ဖြစ်လို့ဟိုဟိုဒီဒီလှုပ်ရှားပြီးအကြိမ်ဖန်များစွာမျက်တောင်‌ရှည်တို့ဟာလည်းပုတ်ခတ်နေ၏။

"ပျို .."

"ဟင် .."

"ဒီဘေးမှာအိပ်မလားဟင် .. အန်တီ့ဘေးမှာ"

ပျိုခဏတာတော့အသက်ရှူမှား‌၍ပူအိုက်သွားတာအမှန်ပါ။ဒေါ်ကျူးရင့်ခြယ်ဟာသူမနဲ့နဲနဲမှမတူတဲ့အခြားလူကဲ့သို့ချိုသာနေ၍။

"ပျို့လက်မောင်းပေါ် .. ခေါင်းအုံးအိပ်ကြည့်
ချင်တယ်"

ပျိုအလိုက်သင့်ဘဲသူမဘေးသို့ဝင်လှဲလိုက်၏။

ရုတ်တရက်ဒေါ်ကျူးခြယ်ရဲ့ကိုယ်လေးသေးသေး
ဟာတွန့်လိမ်လှုပ်ရှားပြီးနောက်ပျို့ခါးကိုသိုင်းဖက်လို့သူမဦးခေါင်းဟာပျို့လက်မောင်းပေါ်နေရာယူချထားပြီးနှင့်လေပြီ။

"ခင်ဗျား ပျို့ကိုချစ်လား"

"ဟင့်အင်း .. တို့ .. ပျို့ကိုမချစ်ဝံ့ပါဘူး"

နှုတ်ကတစ်ခါဖွင့်ဟ၍စကားပြောတိုင်းမှာပျို့လည်ပင်းကိုအာငွေ့နွေးနွေးများထိခတ်သောကြောင့်ပျိုဟာမသိမသာကြက်သီးဖုလေးများထနေရ၏။

"စကားမပြောတော့နဲ့"

"ဘာဖြစ်လို့လဲ"

"ကျွတ် လျှာရှည်တာ .. မပြောနဲ့ဆို"

"ဖက်လို့ရောရလား"

ခက်လိုက်ပါတဲ့မခက်ပါ့ရယ်။ဖက်လို့မရမှတော့
အစောကြီးကတည်းတွန်းထုတ်မှာပေါ့။

"ဖက်ချင်လား"

"အွန်း"

ပျိုသည်လည်းပဲမခက်ပါ့ပါပဲ။မဖက်ချင်မှတော့
အစောကြီးကတည်းကမဖက်ဘဲနေမှာပေါ့။သိရဲ့
သားနဲ့မေးလိုက်တဲ့မေးခွန်းအပေါ်တစ်လုံးထဲအဖြေပေးလာသည့်ထို "အွန်း" လေးကပျို့ရင်ထဲသို့နွေးထွေးသောလေညှင်းတို့တိုးဝှေ့၏။

"ဆေးခါး" [ completed ]Where stories live. Discover now