𝕋𝕦𝕝𝕚𝕡𝕤🌷8

Start from the beginning
                                    

“ သားလေး "

“ ဗျာ "

ယောင်ကာ ထူးလိုက်မိသည် ။
ပြီးမှ အသံလာရာကိုလှည့်ကြည့်လိုက်တော့
မီးဖိုခန်းရှေ့မှာ ယောင်းမကြီး ကိုင်လို့ ရပ်နေတဲ့ အန်တီကြီး ။
အကို့အမေထင်တယ် ။

“ သားလေး ဗိုက်ဆာပြီလား "

“ မဆာသေး..."

“ ဘာမဆာသေးဘူးလဲ ‌အားရှိအောင်စားရမယ်...လာ "

“ ဗျာ "

“ လာ အန်တီ ချက်တာကျက်ပြီကွဲ့ "

“ ဟုတ်..."

အန်တီကြီးက ခေါ်နေတာမို့ သွားလိုက်သည် ။
နဲနဲတော့ကြောက်တာပေါ့ ။

“ သားလေး အကြိုက်တော့ မသိဘူး အန်တီက အဆင်ပြေမဲ့ဟာလေးတွေလုပ်ထားပေးတယ် "

“ ဟုတ် ရပါတယ် "

“  သက်သာပြီလား "

“ ဟုတ် "

“ ဘယ်လိုဖြစ်တာလဲကွယ် သွေးတွေမှရဲနေတာပဲ အန်တီ့ မှာ မကြည့်နိုင်လိုက်တာ..."

“ ကျွန်တော့် သူငယ်ချင်းတွေရန်ဖြစ်တာ ဖျန်ရင်း မတော်တဆ ထိမိသွားတာပါ "

“ အမလေး... မတော်တဆကလည်း များလိုက်တာနော်..."

“ ဟီး...."

သွားဖြဲကာ ရယ်ပြလိုက်‌တော့...

“ အမယ်လေး သားလေးကချစ်စရာလေးကို..."

သူ့ပါးအား ညစ်စွဲကာ ရေညှိလိပ်တွေအားထပ်ထည့်ပေးနေသော ‌အန်တီကြီး သည်နွေးထွေးမှုတွေအပြည့်ဖြင့် ။

“ အန်တီကြီး ရေညှိလိပ်က စားလို့ကောင်းလိုက်တာ..."

“ ဟုတ်လား ဒါဆို များများစားနော်...အန်တီ အများကြီးလုပ်ထားတယ်..."

“ ဟုတ်...."

သူချက်ထားသော ဟင်းတွေအား အားရပါးရ စားနေသော
ကောင်လေးကို ကြည့်ပီး ပီတိဖြစ်မိသည် ။
ငါတို့ Jung kook လေးလဲ အဲ့လိုလေးဖြစ်ရင်ကောင်းမယ် လို့လဲ
သူမ တွေးမိသည် ။

“ အမေ "

သူမ တွေးနေမိတုန်းမှာ သားလေးသည် ‌ရောက်လာသည် ။

“ သားလေး အမေက မီးဖိုခန်းထဲမှာ... jimin လေးလဲရှိတယ်ကွဲ့ "

အကို့ သံကြားတော့ သူမုန့်တွေအား မျိုမကျတော့
လည်ချောင်းထဲမှာပင် သစ်နေသလို ။

𝕋𝕦𝕝𝕚𝕡𝕤 🌷Where stories live. Discover now