ခရစ်စတန်လေးက တအားချစ်ဖို့ကောင်းလွန်းတာ။

............

ရေမိုးချိုးအဝတ်အစားပြီး Kitty နဲ့စကားပြောနေတုန်းမှာပဲ အခန်းတံခါးခေါက်သံကြားလိုက်ရသည်။

Kitty နဲ့ပြောနေကြတဲ့စကားတွေကလည်း တခြားတော့မဟုတ်ပါဘူး ။

အရင်တုန်းက ဖြတ်သန်းခဲ့သမျှတွေကို စားမြုံ့ပြန်နေကြတဲ့သဘောမျိုးပါပဲ။

" သခင်​လေး ခရစ်စတန် ညစာစားကြရအောင် သခင်မလေးက ခေါ်ခိုင်းလိုက်လို့ပါ ''

" အော်..အေး ဒယ်ဒီရောပြန်ရောက်ပြီလား''

" ရောက်ပါပြီ သခင်လေး ၊ ခဏနေရင် အရေးကြီးတဲ့ ညစာစားပွဲ ဖိတ်ကြားမှုရှိလို့ သခင်ကြီးတို့ဇနီးမောင်နှံက အိမ်မှာ ညစာစားဖြစ်မှာမဟုတ်ပါဘူး ''

" အော် ..သွားလို့ရပြီ ''

" ဟုတ်ကဲ့ ''

အရေးကြီးတဲ့ ညစာစားပွဲ?

ရှောင်းကျန့်က kitty ကို မျက်လုံးလေးဝေ့ကာ ကြည့်လိုက်ပြီး မေးခွန်းထုတ်သည်။

' ပြောကြည့်စမ်း Kitty အခုညစာစားပွဲဆိုတာ ဘယ်သူ့အိမ်ကလဲ '

' Host လင်ပါ ၊ Host လင်တို့အိမ်က ညစာစားပွဲဖြစ်ပါတယ် '

' အော်.. ဘာ!!'

' တိုးတိုးပြောပါ Host ရဲ့ တော်ကြာနေ ဖင်ထဲကနေ လိပ်ခေါင်းထွက်နေမှဖြင့် ဟိုဒင်းဟိုဟာ မလုပ်ရဘဲနေလိမ့်မယ် '

' kitty မင်း!!'

ရှောင်းကျန့်က kitty ကို သွားစေ့ကာ ကြိမ်းလိုက်ပြီး အခန်းထဲက ထွက်လာခဲ့သည်။

ဂုတ်လေးပုကာ လျှာထုတ်ပြောင်နေတဲ့ Kitty ကို မျက်လုံးပြူးပြပြီး ခြိမ်းခြောက်ဖို့လည်းမမေ့။

......

" မမ ''

" .....''

ထမင်းစားစားပွဲလေးမှာ ဟင်းပွဲတွေပြင်ဆင်ပြီး အေပရွန်ချွတ်နေတဲ့ ဇိုဝီက သူမရဲ့မောင်လေးကို ပြုံးပြလာခဲ့သည်။

ရွှေအိုရောင် ဆံပင်ဖြောင့်ဖြောင့်ကို ခပ်မြင့်မြင့်စည်းထားပြီး ဂါဝန်မိုးပြာရောင်ဒူးဖုံးလေးနဲ့ ဇိုဝီဂါဘရီရယ်လ်က ယောက်ျားလေးများစွာရဲ့ အိပ်မက်ထဲက မင်းသမီးလေးပင်။

Peculiarly System [Completed ]Where stories live. Discover now