တစ်ချက်...နောက်တစ်ချက်...ထို့နောက် နောက်တစ်ချက်...

ယွမ်ရှင်းကျဲ၏အသက်ရှူသံက ပို၍လျှင်မြန်လာခဲ့ကာ လုရန်ရှု၏မက်ခါကို စိုးရိမ်စွာကြည့်နေခဲ့သည်။ လုရန်ရှုက အရှုံးပေးရန်စိတ်ကူးမရှိပုံရသည်။

ဆယ့်ငါးမိနစ်အကြာတွင်.လုရန်ရှု၏မက်ခါက မြေပြင်ပေါ်သို့ဒူးထောက်ကျသွားခဲ့သည်။ သို့ရာတွင် သူကစုကျီနန်၏မီးတောက်များကို ရင်ဆိုင်ရန် ခေါင်းမော့ထားဆဲပင်။

“အဲ့ကောင်လေးက ဘာသောက်လုပ်တွေလုပ်နေတာလဲ...”

“ငါထင်တာတော့...သူကစုကျီနန်ကို အမှတ်လျှော့ခံရစေချင်တဲ့ပုံပဲ..”

“ချီးပဲ...အဲ့ဒီ့လိုကိုး...”

ယွမ်ရှင်းကျဲက ထအော်လိုက်သည်။ “လုရန်ရှု...မလုပ်နဲ့...”

သို့ရာတွင် သူ့အသံက အားပေးသံများကြားထဲတွင် နစ်မြုပ်သွားခဲ့သည်။ စုကျီနန်က ပြိုင်ပွဲကိုအနိုင်ရခဲ့လေသည်။

လုရန်ရှုက အလွန်နာကျင်နေခဲ့ကာ မက်ခါအပြင်ဘက်သို့ထွက်လာချိန်တွင် မတ်တပ်ပင်အနိုင်နိုင်ရပ်နေခဲ့ရသည်။ စုကျီနန်က မေးကိုမော့ကာလှောင်ပြောင်လိုက်သည်။

“မင်းနဲ့ယွမ်ရှင်းကျဲလိုမျိုးအိုမီဂါတွေက အိုမီဂါတက္ကသိုလ်ကိုသွားပြီး ချက်ပြုတ်တာနဲ့အဝတ်လျှော်တာတွေကိုပဲ သင်ယူနေသင့်တယ်...ငါပြောတာနားလည်လား...”

အနည်းငယ်သက်သာလာသော လုရန်ရှုက နှာခေါင်းရှုံ့ရင်းပြောလာသည်။

“မင်းနိုင်တော့ရော ဘာဖြစ်လဲ...မင်းရဲ့လုပ်ဆောင်မှုအမှတ်က ၀.၅တောင်ကျော်လို့လား...”

မက်ခါပြိုင်ပွဲ၌ အနိုင်ရမှတ်နှင့် လုပ်ဆောင်မှုအမှတ်ဟူ၍ရှိသည်။ ပြိုင်ပွဲတစ်ခုချင်းဆီ၌ အနိုင်ရလျှင် ၁၀မှတ်ရပြီး တိုက်ခိုက်သည့်ပုံစံပေါ်မူတည်၍ 0 မှ 1 အတွင်းအမှတ်ပေးလေ့ရှိသည်။

(TN: ၀.၅....၀.၈ အဲ့လိုပေးတာကိုပြောတာပါ)

ပို၍ရှင်းလင်းစွာပြောရလျှင် ပြိုင်ပွဲဆယ်ခု၌ အမှတ်ပေါင်း 110အထိရနိုင်သည်။ သို့ရာတွင် လုပ်ဆောင်မှုအမှတ်ပေးပုံမှာ အတော်လေးရှုပ်ထွေးလေသည်။ ပြိုင်ပွဲအတွင်းလှုပ်ရှားမှုများ၊ မက်ခါထိခိုက်မှုအခြေအနေ၊ ပြိုင်ဘက်မက်ခါ၏အင်အား အစရှိသည်တို့အပေါ်မူတည်၍ အမှတ်ပေးခြင်းဖြစ်ရာ မည်သူမှအမှတ်ပြည့်မရကြချေ။ 

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Waar verhalen tot leven komen. Ontdek het nu