Part (15) 🚨

Comincia dall'inizio
                                    

"ဒီပုံစံအတိုင်းဆို ×ြက်ဖြစ်မဲ့ကိန်းမြင်ယောင်သေး"ဆိုတဲ့စကားဖြစ်၏။ယခုကျွန်မလျှောက်နေတဲ့လမ်းဟာသူတို့ဆိုလိုရင်းရဲ့တည်ရာနှင့်နီးစပ်လွန်းနေပြီမဟုတ်ပါလား။

"ဗေဒါပျံ"ကိုစိတ်ထဲကညည်းရင်းအားယူရတာ
လည်းအခါခါပါပဲ။

ဟိုတယ်ထဲကိုရောက်တော့နုနန္ဒာက Lobby Lounge မှာသူ့ကိုထိုင်စောင့်နေဖို့မှာပြန်၏။

တစ်ယောက်တည်းတစ်ငုပ်တုပ်တုပ်ဖြစ်နေတဲ့
ကျွန်မဟာယောင်လည်လည်နဲ့ဘာလုပ်လို့ဘာကိုင်ရမှန်းတစ်ကယ်မသိ။ဖြတ်သွားဖြတ်လာလူတွေကိုကြောင်တောင်တောင်နဲ့ငေးရင်းက -

"ဟင် .."

ပျို။ပျိုဟာနောက်ပါအခြွေအရံတွေနဲ့လူနှစ်ဆယ်
ခန့်လောက်ရှိမည့်လူအုပ်ကိုဦးဆောင်လျှောက်လှမ်း၍ suits အနက်ရောင်ကိုစတိုင်လ်ကျကျဝတ်ဆင်ထား၏။ပျို့ခြေလှမ်းတွေဟာတက်ကြွနေပြီးဂုတ်ပေါ်ဆင်းကျဝဲနေတဲ့ပျို့ဆံပင်တွေဟာပျော့ပျောင်း၍အရုပ်တစ်ရုပ်ကိုအသက်သွင်းထားသကဲ့သို့သက်ဝင်လှုပ်ရှားနေ၏။

တစ်ချိန်ကကျွန်မသိကျွမ်းခဲ့ဖူးတဲ့ပျိုကဗျာနဲ့အများကြီးကွာခြားသွားပြီ။Smart ကျလွန်းတဲ့အရုပ်မလေးက Lobby မှာငုတ်တုပ်ထိုင်ပြီးသူမကိုငေးနေတဲ့သနားစရာအဒေါ်ကြီးကိုသတိထားမိသွားပြီ။

ကျွန်မဆီကိုသွယ်လျတဲ့ခြေ‌တံရှည်များအသံုးပြု၍လျှောက်လှမ်းလာတော့၏။ရှက်ဖို့ကောင်းလွန်းလို့ကျွန်မမျက်နှာကိုဖျောက်ထားလိုက်ချင်
မိ၏။သို့သော်လည်း -

"ဒီမှာ ဘာထိုင်လုပ်နေတာလဲ"

စိတ်ညစ်လိုက်တာ။ဒီအချိန်မှာအဖြစ်ချင်ဆုံးဆန္ဒကပျို့လူတွေဝိုင်းကြည့်နေတဲ့ကြားမှာအငွေ့ကလေးအဖြစ်ပျောက်ကွယ်သွားချင်ရုံလေးပါပဲ။

မထိရောက်သောကာကွယ်နည်းတစ်ခုကိုသုံး၍
ကျွန်မမျက်နှာကိုသတင်းစာနဲ့ကာထား၏။

ပျို့လက်ချောင်းရှည်လေးများကကျွန်မမျက်နှာ
ရှေ့ခုန်ပေါက်ရောက်လာ၍သတင်းစာကိုအောက်
သို့ဆွဲချလိုက်၏။

ခါးကိုကိုင်းညွှန့်ထားသဖြင့်ပျို့မျက်နှာနုနုက
ကျွန်မမျက်နှာနဲ့နီးကပ်လွန်း၍မ‌မြင်တာကြာပြီဖြစ်တဲ့ထိုမျက်နှာလေးကိုအနီးကပ်မြင်တွေ့လိုက်ခြင်းဟာဦးနှောက်ကအသိပေးပို့ချက်နှင့်အတူနှလုံးသားကိုပြာယာခက်စေ၏။

"ဆေးခါး" [ completed ]Dove le storie prendono vita. Scoprilo ora