Chapter 1.1

236 23 1
                                    

Chapter 1

ပင်ကိုယ်အားဖြင့် သဘာ၀လွန်စွမ်းအားကို မကြောက်ရွံ့ကြတဲ့ အနောက်မြောက်မျိုးနွယ်စုတွေဆီမှာ ပါးနှံ့ကျွမ်းကျင်တဲ့မျိုးနွယ်စုဝင်တွေရှိပြီး
လျှို့ဝှက်ဆန်းကြယ်တဲ့ ထောက်ချောက်တွေနဲ့ ပြည့်နှက်နေတဲ့ ချောက်ကမ်းပါးတွေကိုတောင်မှ ပြုလုပ်နိုင်စွမ်းရှိတယ်ဆိုပဲ။ ဧကရာဇ်ကဆိုတယ် "ငါထင်ခဲ့တာက အဲ့ဒါက ပုံပြင်လေးတပုဒ်ပဲပေါ့လေ။ ဒါမဲ့ အခုတော့မဟုတ်တဲ့ပုံပဲ"

ညသန်းခေါင်ချိန်..
ဧကရာဇ်မင်းရဲ့ နန်းဆောင်မှာ မီးရောင်ကထိန်ထိန်လင်းနေဆဲ။ စားပွဲမှာထိုင်နေတဲ့ ဝတ်ရုံခြုံထားပြီး တလောကလုံးကို ပိုင်စိုးသည့်ပုဂ္ဂိုလ်ဟာ မဖိတ်ခေါ်ထားတဲ့ ဧည့်သည်ကို တစ်ချက်ကြည့်လိုက်ပြီး လက်ထဲမှာကိုင်ထားတဲ့စုတ်တံကို ခွက်ထဲပြန်ချလိုက်တယ်။ သူရဲ့တည်ငြိမ်အေးဆေးနေတဲ့ပုံစံကြောင့် လုပ်ကြံသူကို ထောင်ချောက်ထဲဝင်မိသွားပြီလို့တောင် တွေးမိလုနီးပါးပဲ။ ဒါပေမဲ့ တော်ဝင်အစောင့်တပ်‌တွေကတော့ ပေါ်လာခြင်းမရှိခဲ့ဘူး။ စီစဉ်ထားခဲ့သလိုပဲ ဖျက်ဆီးထားတဲ့ အချက်ပေးသံတွေကလည်း တိတ်ဆိတ်နေတယ်။ ချွန်ထက်‌နေတဲ့ဓားသွားတစ်ခုက ဧကရာဇ်ရဲ့ လည်တိုင်ပေါ်မှာနေရာယူလျက်သား၊ သူနည်းနည်းလောက်လှုပ်လိုက်တာနဲ့ မြင့်မြတ်တဲ့ဦးခေါင်း‌ကို ဖြတ်ပစ်လိုက်နိုင်ပြီးသားပဲ။

လုပ်ကြံသူကိုယ်တိုင်ကလည်း စိတ်လှုပ်ရှားနေခဲ့ပြီး သူ့စိတ်ထဲက သံသယတွေကို ထိန်းချုပ်မထားနိုင်ခဲ့ဘူး။

"မင်း အံ့ဩသွားပုံလဲမပေါ်ပါလား" လုပ်ကြံသူကပြောလိုက်တယ်။ "မင်းကို ဘယ်သူကသတ်ချင်နေလဲဆိုတာ မသိချင်ဘူးလား။"

"မင်းရဲ့ပြိုင်ဘက်ကင်းစွမ်းရည်ကြီးကလည်း အခြားသူတွေကို မျက်နှာသာ‌လေးတောင်မပေးချင်ဘူးပဲ။ သေခါနီးလူတစ်ယောက်အတွက် လူသတ်သမားက ဘယ်သူလဲဆိုတာ သိဖို့က သိပ်‌တော့အကူညီမဖြစ်ဘူး။ကံကောင်းလို့ မေးခွန်းမေးခွင့်ရှိမယ်ဆိုရင်တော့ တစ်နိုင်ငံလုံးမှာ လုံခြုံရေးအတင်းကြပ်ဆုံးနေရာကိုမှ ခိုးဝင်လာနိုင်တဲ့သူက ဘယ်သူများလဲဆိုတာ သိချင်မိသား။ ကျင့်ကြံသူပညာရှင်တွေကိုယ်တိုင်တည်ဆောက်ထားတဲ့အပြင် တော်ဝင်ရဲမက်တွေပါရှိနေတဲ့ သံမဏိခံတပ်ကနေ ဘယ်ပုဂ္ဂိုလ်ကများရှောင်ကွင်းလာနိုင်တာပါလိမ့်" ဧကရာဇ်က ပြောလိုက်တယ်။

လုပ်ကြံသူနှင့် ဧကရာဇ်မင်းWhere stories live. Discover now