"မင်းကို ဘယ်သူက အလုပ်ထုတ်မှာလဲ?"

"ဉီးလေးကြီးကလည်း တုံးလိုက်တာဗျာ ဒီhotelရဲ့ bossကပေါ့.."

"ဟက်! bossက ဘယ်သူလဲ.."

ခပ်ဟဟလေး ရယ်မောမှုကြောင့် ထိုလူကြီးရဲ့​ေရှ့သွားလေး နှစ်​ေချာင်းကဖွေးကနဲပင်...ယုန်သွားလေးတွေပဲ... သူကယုန်လေးတွေကို သိပ်သဘောကျတာ။

"bossက..bossပဲလေ"

တကယ်ဆို သူဟာ bossကို မမြင်ဖူးပါ။ အမှန်အတိုင်းပြောရရင် နာမည်ကိုတောင် မသိပါဘူး။ ကြည့်ရတာ bossက အသက်ကြီးကြီး လူအိုကြီးတစ်ယောက် ဖြစ်မယ်ထင်တယ်။

"ဒါဆို မင်းကို အလုပ်ထုတ်မဲ့သူကိုပြောလိုက်..."

ချာတိတ်သည် သူ့ကို တကယ်မသိပါလား? ဒီချာတိတ်လေးက တကယ်ပဲ ဘယ်ဂြိုလ်ကလာတာလဲမသိဘူး...ဟက်!...အဖြူထည် ကလေးတွေက ချစ်ဖို့ကောင်းတယ်။

"ဘာပြောရမှာလဲ.."

"ခင်ဗျားက လူချောလေးလို့လေ"

ပြူးကြောင်ကြောင်လေး ပြန်ကြည့်လာတဲ့ ချာတိတ်လေး...

"???"

"ဒီခေါင်းသေးသေးလေးနဲ့ မစဉ်းစားနေနဲ့ ပြန်တော့..."

သူ့နဖူးကို ခပ်ဖွဖွတောက်လို့ ရယ်မောနေသော ဉီးလေးကြီး။

ဘာလဲ...ဉီးလေးကြီးကပဲ ပြန်နှင်ထုတ်ရတယ်လို့...ကြည့်ရတာ အသက်ကြီးကြီး လူပျိုကြီးဖြစ်မယ်ထင်တယ်။ မိန်းမ မရတော့တစ်ခန်းလွတ်နေတာ..သနားစရာပါလား..ကျွတ်..ကျွတ်။

Mr.deep ကလည်း သူ့အာ wechatမှ အလုပ်စောစောဆင်းပြီးနားရန်ပြောလာသည်ဆို​ေတာ့။ အဆိုးထဲကအကောင်းအနေနဲ့ သူ ၈နာရီထဲနဲ့အလုပ်ဆင်းရတာပေါ့။

ထိုနေ့တွင် leo၏ ခြေထောက်မှာ ကလေးသုံး အနာကပ်ပါလာစတာလေးသည် အိမ်အထိလိုက်ပါလာလေရဲ့။

>>>

"ပေါ်ကော စောလှချည်လား..."

9နာရီမှ အလုပ်ဆင်းမယ်လို့ပြောထားပေမဲ့..စောပြန်လာသော ကောသည် အလုပ်ထဲမှာ ပင်ပန်းခဲ့သည်ထင်၏။ မျက်နှာလေးသည် အနည်းငယ် နွမ်းနေသယောင်ပဲ..

"အွန်း...ညစာစားပြီးကြပြီလား"

"ဒီကောင်တွေနဲ့ ဂိမ်းဆော့ရင်း ကောကိုစောင့်နေတာ.."

Sean's Adorer (Complete) Where stories live. Discover now