(၂၁၃) ကံကဆိုး၊ မြေအောက်အကျဉ်းထောင်တွင်း ချုပ်နှောင် ပိတ်ထားခံရ

Start from the beginning
                                    

ဒီလင်ချန်းဇီကြောင့် ပိုင်ရှန်းရှို့ နားမလည်နိုင် ဖြစ်သွားရပြီ။ လင်ချန်းဇီက ချန်ထောက်ဆီ ကလက်တက်တက်နွဲ့နွဲ့နောင်းနောင်းလျှောက်သွားလိုက်ပြီး ငြို့ဓာတ်အပြည့်နဲ့ ဂါရဝပြုလိုက်သေးတယ်။ "မြို့စောင့်တပ်မှူး ချန်"

"ထပါ လင်မိန်းကလေး၊ ဒါက မင်းပြောတဲ့ ရှို့သခင်မ ဟုတ်ပါတယ်နော်"

"ဟုတ်တာပေါ့၊ သူ မီးခိုးအငွေ့ဖြစ်သွားရင်တောင် ကျွန်မ မှတ်မိနေမှာ"

"ကောင်းပြီ၊ မင်း ဘာပြောချင်သေးလဲ"

"ငါက ဘယ်သူ ဖြစ်နေနေ၊ နင်ကျင်းမြို့ကို လာဖို့က ငါ့ သဘောနဲ့ ငါလာတာပဲ၊ မင်းသားလီနဲ့ မဆိုင်ဘူး"

"အစေခံတွေ... ရှို့သခင်မကို မြေအောက် အကျဉ်းခန်းထဲ ထည့်ထားလိုက်၊ မင်းသားရုန်ရဲ့ အဆုံးအဖြတ်ကို စောင့်ကြတာပေါ့" ချန်ထောက်က သိပ်စိတ်လှုပ်ရှားနေတာပေါ့။ သူ နောက်ဆုံးတော့ လုံဟန့်ရဲ့ အားနည်းချက်ကို အပိုင်ကိုင်လိုက်နိုင်ပြီလေ။ ဒီကိစ္စကို အခြေပြုပြီး မင်းသားလီကို အလဲထိုးလို့မှ မရရင် သူ့နာမည်က ချန်မျိုးရိုး မဟုတ်တော့ဘူး။

ပိုင်ရှန်းရှို့ ဇာတ်လိုက်မကို စောက်ရမ်း ရွံသွားပြီ။ သူမအပေါ် ကလဲ့စားချေဖို့ ဒီလိုနည်းလမ်းမျိုးအထိ သုံးရတယ်လို့။ "ခဏလေး ငါ ပြောစရာ ရှိသေးတယ်" သူမ ခြေလှမ်းကို ရပ်ပြီး ဇာတ်လိုက်မကို မျက်နှာချင်းဆိုင်လိုက်တယ်။ "ကျွန်မ ရှင့်ကို အမြဲမေးချင်နေတာ ရှိခဲ့တယ်၊ ရှင့်မှာ ဦးနှောက် တကယ်ရောရှိရဲ့လား... ကျွန်မတို့ ရန်ဘက်ဖြစ်နေတာကို ခဏလောက် မေ့ထားလိုက်ဦး၊ တိုင်းပြည့်ရန်သူနဲ့ ရှင့်ရဲ့ ပုဂ္ဂိုလ်ရေး ရန်သူ ဘယ်ဟာက ပိုအရေးကြီးသလဲ မခွဲတတ်တာလား၊ လုံဟန့်က နောက်တိုက်ပွဲတွေ မကြာခင်ဆက်တိုက်ရတော့မှာ၊ သူက ကျွန်မတို့ တိုင်းပြည်ကို ကာကွယ်ပေးမှာ၊ ရှင်တို့ နေတဲ့ အိမ်ကို ကာကွယ်ပေးမှာ... ဒါတောင် သူ ဒုက္ခရောက်အောင် ရှင်တို့က အန္တရာယ်ပေးချင်တယ်၊ ကျွန်မတို့ တိုင်းပြည် အရေးနိမ့်သွားတာကို မြင်ချင်တာလား၊ ရန်သူ့တိုင်းပြည်အတွက် သုံ့ပန်းပျော်တော်ဆက်မယ် ဖြစ်ချင်နေတာလား... ဒီတိုင်းပြည် တစ်ခုခုဖြစ်သွားရင် ရှင့်မိဘတွေရော လွတ်လပ်ပျော်ပါးပြီး နေနိုင်မယ် ထင်လား၊ လုံဟန့်က ရှင်တို့ရဲ့ ရာထူးစည်းစိမ်တွေ ဂုဏ်တွေဒြပ်တွေအတွက် လုံဟန့်က တိုက်ပွဲဝင်ပြီး ကာကွယ်ပေးနေတာနော်၊ သူ့အသက်ကို ရှေ့တန်းမှာ စွန့်စားထားတာ... ဒါတောင် ပုဂ္ဂိုလ်ရေး မကျေနပ်ချက်လေး ရှိတာနဲ့ ရှင်က တစ်တိုင်းပြည်လုံးကို ဆွဲချမလို့ လုပ်တယ်ပေါ့...!"

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 2]Where stories live. Discover now