"Bam ကကျွန်မမောင်လေး အခုရှင်ကိုဘယ်လို ပြောနေကြလဲရှင်သိလား??အမကိုရော မောင်ကိုရော တွဲခုတ်နေတဲ့လူတဲ့..!"

"ကိုယ်က ပတ်ဝန်းကျင်ကို ဂရုစိုက်တဲ့လူလား..."

ဟုတ်ပါရဲ့ seanဆိုတာ တစ်ကောင်ထဲသော ကျားပင်။ Sean၏အဖေသည် နိုင်ငံရေးသမားတစ်ယောက်​ဖြစ်သည်။ Seanသည် သူ့အဖေကိုသိပ်မုန်းတာ။ Seanဟာ အောက်ခြေဘဝမှစ၍ ယခုဒီနေရာထိ သူတစ်ဉီးတည်း၏ အင်အားကိုသာ အမှီပြုခဲ့တာ...

Seanဟာ ပတ်ဝန်းကျင်ကို ဂရုမစိုက်ပေမဲ့သူမကတော့ ဂရုစိုက်သည်။ တချို့သတင်းတွေကြောင့် သူမ အရှက်ရခဲ့ဖူးသည်။ Seanကို သူမချစ်သည်။Sean တွဲသမျှလူတိုင်းသည် အကောင်ကြီးကြီးများ၏ သားသမီးများသာဖြစ်သည်။ ထိုအပြင် ဘယ်သူ့ကိုမျှ 3ရက်ထပ်မပိုပင်။ Seanသည် သူမကိုမချစ်ပေ ရှင်းရှင်းပြောလျှင် သူသည် မည်သူကိုမှမချစ်ပေ။

"ကျွန်မက ရှင့်ကိုအထိခိုက်မခံနိုင်ဘူး။ Bam က ကျွန်မမောင်ဆိုပေမဲ့...သူ့ကို ကျမတို့ရှေ့ရေးအတွက် ရှင်းပစ်ဖို့ဝန်မလေးဘူးနော်.."

Bam သည် သူမDad၏ ဒုတိယအိမ်ထောင်မှ ပါလာသည့်သားဖြစ်သည်။ ထို့ကောင်သည် မြွေပွေးတစ်ကောင်လိုပင် ကောက်ကျစ်၏။ အကြံလည်း ကြီးသည်။ရှေ့တင်တစ်မျိုးနောက်ကွယ်တစ်မျိုး လူတွေကို သူမသိပ်မုန်းတာ။ Seanသည် ရှုပ်သည်၊ပွေသည် သို့သော်ပွင့်လင်းသည်။ သူ့ကို မထိခိုက်သမျှ၍ ဘာအန္တရာယ်မှ မပြုပေ။ သို့သော် သူ့ကိုထိမိပါတာ ထိုသူသည် ငရဲသို့သာလားရ၏။

"မာရီရာ ကိုယ့်ဇာတ်ကိုယ်နိုင်တယ်...မင်းသာ မင်းအဖေရဲ့ အရှုပ်ထုတ်တွေကို သေချာရှင်း။ ကိုယ့်ကို လာမနွယ်စေနဲ့!"

သူမအဖေဟာ အသုံးအဖြုန်းကြီးသူတစ်ယောက်ပင်။ သူမ company သည် mom၏အမွေဖြစ်၍ dadက မထိရဲတာ...သူ့အပျော်မယားများအတွက် ပိုက်ဆံလိုလျှင် သူမစီကတောင်းတာထက် seanစီကသာ တောင်းတတ်သည်။ Seanသည် ဘာကြောင့်မှန်း ငွေတွေကိုလက်မတွန့်ဘဲပေးတတ်သည်။Seanဟာ ရှုပ်ထွေးသော လူတစ်ယောက်ပင်...သို့ပေမဲ့ ထိုသူသည် သူမအပိုင်သာဖြစ်ရမည်။

>>>>

"ပေါ်ကော chefလျှောက်ထားတယ်ဆို..."

"ဟုတ်တယ် konရေ ကောမနေ့က အင်တာဗျူးဖြေထားတယ်"

Sean's Adorer (Complete) Where stories live. Discover now