Part-12

194 11 2
                                    

Unicode

"win ရေ win ထတော့နော် အောက်မှာဧည့်သည်ရောက်နေတယ် "

"ဘယ်သူလဲ?"

"brightလေ"

"ဟမ်? သူက ဘာလာလုပ်တာလဲ ဒေါ်လေး ဒီနေ့ ပိတ်ရက်လေ အိပ်ချင်သေးတယ်လို့"

"သူက မင်းဆင်းမလာရင်သူတက်လာမယ်တဲ့"

"မသိဘူး ဒေါ်လေး အိပ်ချင်တယ် သူ့ကိုပြန်ခိုင်းလိုက်"

"ဟုတ်ပြီ ဟုတ်ပြီ ဒေါ်လေး ပြောလိုက်မယ်နော်"

"အဲ့လူကဘာလာလုပ်တာလဲကွာ အိပ်ချင်ပါတယ်ဆို "

တစ်ယောက်ထဲပွစိပွစိပြောနေတာကလေးလေးအတိုင်းပါဘဲ။

ဒေါက် ဒေါက်!

"ဒေါ်လေး အိပ်မလို့ပါဆို ဘာလာလုပ်ပြန်ပြီလား"

"မင်းတံခါးဖွင့်မလား?ငါ အခန်းထဲဝင်လာခဲ့ရမလား?"

"ခွန် ဘာလားလုပ်တာလဲ?ဒီနေ့ပိတ်ရက်လေဗျာ"

"ငါနဲ့အပြင်လိုက်ခဲ့ "

"မလိုက်ဘူး"

"အခုတံခါးဖွင့်ပြီး ကိုယ်ဘာသာအေးဆေးထွက်လာမလား?ငါဝင်ခဲ့ရမှာလား? ကြိုက်သာရွေး"

"ဘာမှမရွေးဘူး ခွန် ပြန်တော့ပါဆို အိပ်မလို့"

"အေး ဒါဆိုငါဝင်လာပြီ"

စောင်ကိုတကိုယ်လုံးလုံအောင်ခြုံပလိုက်တော့သည်။

"win "

"ဘာလဲ"

"ထ ငါနဲ့အပြင်လိုက်ခဲ့ပေး"

"မလိုက်ဘူး အိပ်မလို့"

စောင်ထဲကနေပြောနေတာမလို့ စကားသံလေးကမပွင့်တပွင့်။

"ခနလေးဘဲ "

"No မလိုက်ချင်ပါဘူးဆို"

"ဒီကလေးကတော့ ချော့ပြောနေတာကိုမရဘူး"

"ကျွန်တော်က ကလေးမဟုတ်ပါဘူးဆို"

"ဟုတ်လို့လား ငါကတော့ ကလေးလေး လို့ဘဲ မြင်တယ်"

ထို့နောက်စောင်ထဲကနေထွက်လာတဲ့ကောင်လေး ကလေးလေးလို့ပြောလို့ စိတ်ဆိုးသွားပုံရတယ်။စောင်ခြုံထဲကထွက်လာသည့်မလို့ ဆံပင်လေးတွေက ဖွာလန်ကြဲ လို့နေတယ်။

Only loveWhere stories live. Discover now