Part-8

109 13 7
                                    

Unicode

အခုနှစ်ယောက်လုံး တောင်ထိပ်သို့ ပြန်ရောက်နေပြီဖြစ်တယ်။နှစ်ယောက်လုံးကိုမြင်တာနဲ့အားလူံးကနှစ်ယောက်လုံးအနားအပြေးလာခဲ့ကြတယ်။

"win စီနီယာ bright"

winကိုbrightပေါ်ကနေကူချပေးတယ်။အခုwinရဲမျက်နှာလေးကဖျော့တော့တော့ နှုတ်ခမ်းလေးတွေကဖြူဖျော့နေပြီ ဖြစ်တယ်။ထီနဲ့ခင်မ်က winကိုတွဲပြီး ကြက်ခြေနီ အသင်းရဲ့ Tent ထဲသို့ခေါ်သွားတယ်။ခရီးအရှည်ထွက်တာဖြစ်သည့်အတွက် ကြည်ခြေနီအသင်းကိုပါခေါ်လာခဲ့ခြင်းဖြစ်သည်။ကြည်ခြေနီအသင်းမှာအကိုသုံးယောက်ပါတယ်။ဒီနေ့ညတော့ winကနေမကောင်းတာမို့ ကြက်ခြေနီအသင်းရဲ့Tent ထဲမှာကြက်ခြေနီအသင်းကအကိုတယောက်နဲ့တူတူအိပ်ရမှာဖြစ်တယ်။ထီနဲ့ခင်မ် နှစ်ယောက်ထဲကတယောက်ကတော့အဖော်လာအိပ်ပေးမှာဖြစ်တယ်။
Tent တခုမှာ လူသုံးယောက်နေရတာမလို့ဖြစ်သည်။

"bright အရမ်းကြီးစိတ်ပူမနေနဲ့တော့ ​မင်းအက်ျီအရင်လဲလိုက်ဦး "

dew စီကထိုစကားကြားလိုက်မှ bright မျက်နှာပေါ်ကစိုးရိမ်ပူပန်နေဟန်လေးတွေ ကျသွားတော့တယ်။

"အေး"
......

"bright လာဦး "

"အင်း ဘာလဲ"

"ဟေးးမင်းနဲ့ငါကနှစ်နဲ့ချီပြီး ခင်လာကြတာ မင်းမျက်နှာကိုကြည့်လိုက်တာနဲ့ မင်းစိတ်ကိုငါသိတယ်နော်"

"အင်း အဲ့တော့"

"win ကို ကြိုက်နေတာမလား?ငြင်းမယ်မကြံနဲ့"

"တကယ်တော့ ​dew နဲ့ကညီအကိုတွေလိုနေလာကြတာ ဒီအကြောင်းနဲ့ပတ်သက်ပြီး dew ကိုတခါမှမပြောခဲ့ဖူးဘူး ဒါကလဲ မသိစေချင်လို့မဟုတ်ပါဘူး။ကျွန်တော်ကိုယ်တိုင်ကလဲ စကားနည်းတဲ့သူမို့ ဒီအကြောင်းမပြောပြဖြစ်ခဲ့တာ"

"အမ် ဟုတ်တယ် တကယ်တော့ winကိုငါကဒီကျောင်းမှာမှစတွေ့ခဲ့တာမဟုတ်ဘူး"

"ဟမ် ဘယ်မှာစတွေ့ခဲ့ကြတာလဲ?"

brightကdewကိုအကုန်ပြောပြခဲ့ပါတယ်။dew ကနားလည်သွားဟန်နဲ့

"အော် အဲ့လိုလား"

"အင်း ငါလဲမင်းကိုပြောပြမလို့ပါ ဒါပေမဲ့သူကနိုင်ငံခြားကိုထွက်သွားတာလေ အဲ့ကြောင့်ငါလဲသူ့ကိုထပ်တွေ့ခွင့်မရတော့ဘူးလို့ဘဲ ထင်ခဲ့တာ ဒါပေမဲ့ မထင်မှတ်ဘဲ win ကို ငါပြန်တွေ့ခဲ့တယ်"

Only loveWhere stories live. Discover now