အရင်ကမ္ဘာတုန်းကဆို ပိုင်မုက သီတင်းပတ်တွေရဲ့အဆုံးမှာ အိမ်မှာပဲနေတတ်ပြီး သူ့ရဲ့အချိန်အများစုက ပျင်းနေတာပဲဖြစ်ကာ Plants vs.Zombies ဂိမ်းကစားတယ်။ ဂိမ်းထဲက ဇွန်ဘီတွေကို အကန့်မသတ်မရှိသတ်ပြီးတာနဲ့   အိပ်တယ်။ ဒီလိုပဲ အချိန်ကုန်ဆုံးလေ့ရှိတယ်။ ဒါပေမယ့် ဒီဂိမ်းလေးကိုပြန်တွေးကြည့်မိတော့ ပိုင်မုက ခံစစ်အစီအစဉ်အတွက် အတုယူစရာတွေ ရခဲ့တယ်။

"အစ်ကိုကြီးပိုင်မု စွပ်ပြုတ်ပူပူလေး တစ်ပန်းကန်သောက်လိုက်ဦး" အန်းချီလော့က ပိုင်မုကို စွပ်ပြုတ်ပူပူတစ်ပန်းကန် ယူလာပေးတယ်။

ပိုင်မုက ဒီနေ့ သူသောက်ရတဲ့ မုန်လာဥနီနဲ့ ငါးကြင်းစွပ်ပြုတ်ကိုကြည့်လိုက်တယ်။ သူ အဲ့ဒါကို မြည်းကြည့်လိုက်တော့ အဆင်ပြေတယ်။အခု အေးနေပြီ။ ပိုင်မုက ခန္ဓာကိုယ်ကိုနွေးထွေးစေပြီး ခွန်အားဖြစ်စေတဲ့ ဆောင်းတွင်းစွပ်ပြုတ်အနည်းငယ်ကို အန်းချီလော့ကို သင်ပေးခဲ့ပြီး အန်းချီလော့က သင်ယူရာမှာ အရမ်းထူးချွန်ပါတယ်။

အဲ့ဒီစွပ်ပြုတ်တွေက ခန္ဓာကိုယ်ကို သန်မာစေရုံသာမက အအေးဒဏ်ကိုလည်း ခံနိုင်ရည်တိုးမြင့်စေတယ်လို့ ပိုင်မုပြောတယ်။ဒါကြောင့် ခန္ဓာကိုယ်ကို နွေးထွေးစေတဲ့စွပ်ပြုတ်ကို သင်ယူနေချိန်မှာ အန်းချီလော့က အထူးဂရုစိုက်သင်ယူခဲ့တယ်။

"မင်းက ကောင်းကောင်းလုပ်နေတာပဲ မင်းရဲလက်ရာက ပိုကောင်းလာတယ်" ပိုင်မုက စွပ်ပြုတ်သောက်ပြီးနောက် ချီးကျူးလိုက်တယ်။ ချီးကျူးခံလိုက်ရတဲ့အန်းချီ‌လော့က  တောက်ပတဲ့အပြုံးကို ပြသလိုက်တယ်။ထိုအချိန်မှာ တပေါက ရှေ့ကို ကိုင်းညွတ်လိုက်ပြီး အဝတ်စတစ်ထည်ကို ပေးလိုက်တယ်။ ခဲယ်လ်တစ်က ခြေတစ်လှမ်း,လှမ်းပြီး ယူလိုက်ကာ သူ့ဆံပင်ပေါ်က နှင်းပွင့်တွေကို သုတ်လိုက်တယ်။

လတ်တလောမှာ လူတိုင်းက ပိုင်မုရဲ့အလုပ်မှာ ဝိုင်းကူညီနေကြပြီး သူ့အပေါ်ရှိနေတဲ့ဖိအားက ပျောက်ပျက်သွားဖို့အတွက် အရမ်းကြီးမားနေမှာကို စိုးရိမ်နေကြတယ်။ လူတိုင်းက သူ့ကို အရမ်းဂရုစိုက်ကြပြီး ပင်ပန်းမှာစိုးတာကြောင့် ဘာမှမလုပ်ခိုင်းဘဲ အနားယူဖို့ပြောခဲ့ကြတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now