Chapter (18)

322 28 8
                                    

(Part 18)
'အကိုနဲ့ထယ်ရယ်က စတိတ်ကျောင်းမှာထဲကသူငယ်ချင်းတွေ သူ့မှာအမတစ်ယောက်ရှိတယ် ထယ်ဟီးတဲ့ အဲ့အမက မိန်းကလေးချင်း ကြိုက်နေခဲ့တာ အဲ့အမကမင်းအမ အရင်းဘဲ
ရှန်ရင်းတဲ့ နှစ်ယောက်သားချစ်နေကြတာအဆင်တပြေရှိနေကြရဲ့လားနဲ့ အခုထယ်ရယ့်နားကိုရောက်နေတဲ့ဆူယွန်းဆိုတဲ့မိန်းမကလည်း ထယ်ရယ့်အမကိုသဘောကျတာ သဘောအရမ်းကောင်းလွန်းလို့ အကိုတို့တောင်မှ ချစ်တယ် ထယ်ရယ်ကလည်းသူ့အမအရင်းထက်ချစ်တာ´
'ဟုတ်´
'အဲ့ဘက်ခေတ်တုန်းက ဒါတွေကသိပ်သဘောမတူကြဘူးလေ ဆူယွန်းက ရှန်ရင်းတို့အဖေကိုသွားပြောတော့ ဉီးလေးကရှက်ပြီး အခုချိန်ထိဘယ်ထွက်သွားမှန်မသိဘူး နောက်ပိုင်းမှာ ပတ်ဝန်းကျင်ကပါ ထိုးနှက်လွန်းလို့ ရှန်ရင်းက အဆုံးစီရင်သွားခဲ့တာ´
ကျနော် လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
'မင်း နဲ့ ဟိုတလောက sex ဖြစ်ခဲ့တယ်မဟုတ်လား ´
'ခင်ဗျာ´
'ထယ်ရယ်က အတင်းငြင်းခဲ့တယ်မဟုတ်လားသူငယ်ငယ်က လိင်အကြမ်းဖက်ခံရလို့´
'ဟင်´
'အဲ့တာတွေကလည်း ဆူယွန်းလက်ချက်ဘဲ
သူက ထယ်ဟီးကို ခေါ်ခဲ့ဖို့ပြောပေမယ့်
သူတို့က ထယ်ရယ် နဲ့ မှား ခေါ်သွားကြတာ´
'ခန ကင်ယောလ် ဆိုတဲ့ကောင်လား
ကင်ချန်း ရဲ့အကိုလား´
'ဟုတ်မယ် သူ့မှာ အဲ့တုန်းကညီမလေးလဲရှိတယ်ကြားတယ်´
အဲ့တာကြောင့်အကိုက တအားကြောက်လန့်သွားတာကို
'ကျနော်အမြန်သွားမှ ဖစ်မယ် အကို
နောက်မှ အေးဆေးပြောမယ်နော်´
'အေးအေး´
ဆိုင်ကယ် ကို လီဗာအသားကုန်ဆွဲကာအိမ်သို့အမြန်ဆုံးပြန်ရောက်ချင်ပါသည်။
ရှမ်ခေါက်ဆွဲအတူတူစားကြဉီးမယ်မဟုတ်လား
........
ဆိုင်ကယ်ရပ်ပြီးပြီးချင်းအိမ်ထဲကိုအပြေးဝင်ကာ
'ကိုကို မောင်ပြန်ရောက်ပြီ´
အိမ်တစ်ခုလုံးတိတ်ဆိတ်နေသည်ကအက်ကြသံပင်မင်မကြားရ။
ငိုသံသဲ့သဲ့ကြားရသောနေရာတွင်ကား
မေ့လဲနေသောလူတစ်ဉီး
ကျကွဲနေသော ပန်းအိုး
နားကို အုပ်ကာမျက်လုံးတွေနီတဲ့အထိငိုထားပြီးအင်္ကျီဖရိုဖရဲဖြစ်နေသောချစ်ရသူ
'ကိုကို´
'ငါ့ကို မထိစမ်း နဲ့ မောင်´
'ဘာ. ဘာဖြစ်လို့မထိရမှာလဲ´
'မင်းရည်ရွယ်ချက်ရှိရှိ နဲ့ ဒီလူကို ငါနဲ့ထားခဲ့တာ မဟုတ်လား´
'မဟုတ် တာ ကိုကို ရယ် မောင်က တကယ်မသိ´
'သိခဲ့လို့ ဒီလူကို အိမ်တိုင်ရာရောက်ခေါ်ချလာတာမဟုတ်လားငါ မင်းကို စောက်ရမ်းမုန်းတယ်´
အကို့ စကားတစ်ခွန်းတွင်နှလုံးသား တစ်ခုလုံး စုတ်ပြတ်သတ်သွားသည်။
'အင်းပါ မုန်းပါ အခု သူကိုကို့ ကိုဘာလုပ်လိုက်လဲဟင်´
ရင်နာနာ နဲ့မေးရခြင်း ဖြစ်ပြီး အ​ဖြေစကားကိုလည်းမကြားချင်ပါ။
အကိုက မဲ့ပြုံးတစ်ခုကိုဆင်မြန်းပြီး
'ဘာလဲ ဘာဖစ်စေချင်တာလဲ´
'မဟုတ်တာ မဟုတ်တာ ကိုကို ရယ်´
အကိုက ငိုထားတာ နှုတ်ခမ်းတွေ ပါတုန်ရီလို့နေသည်။
'ကျနော် တကယ်မသိရပါဘူးကိုကိုရယ်´
အနောက်က အသံ ကြား ခိုက်တွင် အဲ့ခွေးသတောင်းစားက်ု စိတ်မထိန်းနိုင်စွာ ထထိုးမိသည်။
'ခွေးသတောင်းစား  သတိရမလာနဲ့ အဲ့မှာသေ´
အကိုက အားလုံးကို မျက်ဝန်းသေတွေနဲ့လိုက်ကြည့်နေပြီ
'မင်း ကို ထောင်ထဲ ပို့မယ် ခွေးသတောင်းစား´
'မောင့်´
လူသတ်ချင် လောက်အောင်ဒေါသထွက်နေပေမယ့်အကို အသံကြားလိုက်ရက ရေနဲ့ပတ်လိုက်သလို အေးချမ်းသွားသည်။
'မလုပ် ပါနဲ့ တော့ ငါကြောက်တယ်´
တအားငိုနေတာမို့အနားကိုသွားတော့ ရင်ခွင်ထဲ အတင်းတိုးကာငိုနေသည်။
မျက်လုံးကိုစုံမှိတ်ပြီး ကိုယ်ပါ မျက်ရည်မကျအောင်ျအောင်ထိန်းရသည်ည်။
မောင့်အမှားပါ ကိုကို တောင်းပန်ပါတယ် မောင့်အမှားတွေပါ။
မောင့်ကို တသက်လုံးခွင့်မလွှတ်ပါနဲ့
..........
'ကိုကို ထမင်းစားမယ်လေ´
'မစားတော့ဘူး´
အရင်ကနဲ့ လုံးဝမတူဘဲ အိပ်ယာထဲမှာအမြဲခွေနေသည်။
ထမင်းတောင်ထမစားဘူး။
ဟိုခွေးသတောင်းစား ဘာမှ မလုပ်နိုင်ခင်အချိန်မှာအကိုက ပန်းအိုးနဲ့ရိုက်လိုက်တာမို့လို့ ဘာမှတော့ မဖြစ်ပေမယ့်အရင်ကနဲ့ တစ်ထပ်တည်း တူတဲ့ စိတ်ဒဏ်ရာကို ထပ်ရခဲ့တာ။
ကျနော့်အမှားမို့ ကျနော်က ဘဲ တစ်သက်လုံးဘေးမှာ အပြစ်သားအနေနဲ့ဘဲ နေသွားပါ့မယ်
'မစားလို့မရဘူးလေ ကိုကို
မောင် နဲ့ အတူစားမယ်´
'မင်း နဲ့ ဆို ပိုလို့တောင် တူတူ မစားချင်ဘူး´
'မရဖူး´
'ငါ့ကို အေးဆေးလေး ပေးနေစမ်း ရစ်ခီ
ထွက်သွားစမ်း´
'မောင်က အကိုို့ဆီမှာဘဲနေနေရတာလေ
အကိုက ကျနော့်ခိုလှုံရာမို့ ကျနော်ကထွက်သွားရရင် ဘယ်သူ့ဆီမှာနေ မှာလဲ´
'စကားတတ်တိုင်းလျှောက်ပြောမနေစမ်းနဲ့´
'ဟင့်အင်းမောင်ပြောတာမမှန်ှန်လို့လား´
'ငါဒီမှာမနေချင်ဘူး´
'ဟင်´
'ဒီမြို့မှာမနေချင်ဖူးလို့စိတ်ခြောက်ခြားတယ်´
'ဘာဖြစ်စရာရှိလို့လဲ ကိုကိုရ´
'မောင်´
'ဟင်´
'ကြောက်တယ်´
..........
ကိုကို က ဒီရက်ပိုင်း မှ ကလေးသိပ်ဆန်လာပါသည်။
အခုလည်းကောက်နေပြန်ပါပြီ။
'ကိုကို´
'သိလို့လား ခင်ဗျ ကျနော်ကင်ထယ်ရယ်ပါ ပတ်ဆူဂျီမဟုတ်ပါဘူး´
'ဘယ်သူလဲ ပတ်ဆူဂျီ´
'ရစ်ခီရှန်´
ဆောင့်အောင့်ပြီး ခေါ်လိုက်တော့ မျက်နှာငယ်လေး နဲ့
'ခင်ဗျာ´
'တော်တော်မှ စကားပြောလို့ကောင်းရဲ့လား´
'မင်း ငါဂျူတီ ဝင်နေတုန်း ဘယ်သူနဲ့ စကားပြောတာလဲ´
'ဆရာမတစ်ယောက်နဲ့ပါ´
'ပြောစရာလား´
'သူအရင်င်လာပြောတာလေ´
'မောင်´
Part (19)

Ro ro နဲ့ ချိုချိုလေးတွေ လာပါတော့မယ်

 The Refuge (complete)Where stories live. Discover now