Chapter 13

223 22 0
                                    


Part (13)

'ဟေ့ တို့ကိုမှတ်မိလား´
ကိုကိုက မော့ကြည့်လိုက်ပြီး
' ဟာ မမ ဒီကိုဘယ်လိုလုပ်´
'ဝင်လာထဲက ကြည့်နေတာ ငါတို့ထယ်ရယ်
ဟုတ်မှဟုတ်ပါ့မလားလို့´
'ဟုတ်´
ကိုကို အဲ့ အမကိုကြည့်နေသည်က
နေ့တိုင်း သာမန်တခြားသူတွေကိုကြည့်နေတာနဲ့မတူ
မျက်လုံးကိုအရောင်တောက်ပြီးမျက်ရည်တွေဝဲတဲ့ထိ ပျော်ရွှင်နေတာ မြင်တဲ့ အခါ ရင်ပူရသည်။
ကျနော့်ကိုမေ့လျော့နေခဲ့ပုံ။
'ဒါက´
အဲ့ဒီမိန်းမကမေးဆက်ပြလေတော့
အကိုကလှည့်လာသည်။
လက်ခြင်းကိုပွတ်နေပြီး အကို့ပုံစံကိုကြည့်ရတာအဆင်မပြေ
အကို့ကို လက်ပိုက်ကာ စိုက်ကြည့်နေလိုက်ပြီး
ဘာပြန်ပြောမလဲစောင့်နေသည်။
ပြောလိုက်ပါ ပြောလိုက်စမ်းပါ
အပြင်လူသာမသိစေချင်တာ အတွင်းလူတွေတော့သိလို့ရတယ်လို့ပြောဖူးတယ်မလား
ဒီမိန်းမ နဲ့လဲ သာမန်ဆက်ဆံရေးမှမဖြစ်နိုင်တာ ပြောလိုက်စမ်းပါ။
နှစ်မိနစ်ကျော်အောင်စောင့်နေပေမယ့်လည်းဘာအသံမှထွက်မလာ။
ဟိုမိန်းမဟာ သူ့ကိုတလှည့် အကို့ကိုတစ်လှည့်ကြည့်လို့နေသည်။
'​အကိုကလည်း ပြောလိုက်လေ
မွေးစားထားတဲ့ညီလေးပါလို့´
အံကြိတ်ကာ ညီလေးဆိုသောစကားလုံးတွင်ဖိပြောလိုက်သောနာကျင်ခြင်းတွေပါ အကိုမြင်ရင်ကောင်းမယ်။
'အာ ဟုတ်သား ဒါ ကျနော့်ညီလေး ရစ်ခီရှန်´
အဆုံးထိမျှော်လင့်မိသော ကျနော့်၏အမှားသာလျှင်
'ရစ်ခီရှန်ဆိုတော့ ထယ်ဟီး..´
'ဟုတ်တယ် မ´
မ တစ်လုံးထဲ အဟက်
မောင် မဲ့ပြုံး ပြုံးလိုက်တာမြင်ပေမယ့်ကိုယ်လည်းကြပ်တည်းနေတဲ့အခြေအနေဖြစ်နေတယ်မောင်
'ရစ်ခီ ဒါ ကိုယ့်အနားမှာဖော်အဖြစ် တစ်ဦးတည်းသောရှိတဲ့ အမျိုးသမီး ဆူယွန်းတဲ့´
'ဟုတ်တွေ့ရာ ဝမ်းသာပါတယ် ဒါဆို ကျနော်အရင်ပြန်နှင့်မယ် လုပ်စရာလေးရှိနေလို့´
'အေးပါကွယ်´
အကိုကတောက်လျှောက်ကြည့်ဘဲကြည့်နေခဲ့ပြီး ဘာစကားသံမှထွက်မလာ
'သွားပြီ´
ပုခုံးကိုတစ်ချက်ပုတ်လိုက်တော့
'ကားမပါဘူးမလား´
'အရေးမကြီးဘူး ဦးနှောက်ထဲထည့်မနေနဲ့´
'ကားယူသွား´
'မယူဘူး´
'ရစ်ခီရှန်´
'မယူဘူးဆိုမယူဘူး´
မောင်ပြောသောလေသံနဲ့ မောင့်အကြည့်တွေကိုကြောက်ပါသည်။
တစ်စက်မှ လှည့်မကြည့်ဘဲ ထွက်သွားတဲ့မောင့်ကို မျက်စိတစ်စုံးလိုက်ကြည့််မိပါသေးတယ်။
...............
'ပြန်လာပြီလား´
'ကိုယ် နည်းနည်း ခေါင်းကိုက်နေလို့´
'အော်´
'ဘာပြောဦးမလဲ´
'ဘာမှမပြောတော့ဘူး´
'အင်းဒါဆို ရေချိုးလိုက်ဦးမယ်´
'ဟုတ်ပြီ´
ဟုတ်ပြီ တစ်ခွန်းသာပြောပြီး
ဖုန်းပြန်ကြည့်နေတော့ ခေါင်းခါကာ ရေချိုးခန်းထဲဝင်လိုက်သည်။
'မောင် ထမင်းစားပြီးပြီလား´
'မစားရသေးဘူးအကို´
အကိုက အလိုမကျစွာ မျက်ခုံးတွေကိုတွန့်ချိုးထားပြီး
'မစားသေးဘူးလား´
'မစားတော့ဘူး´
'မင်းနေ့တိုင်းနီးပါးထမင်းမစားဘဲ ဘာလို့ဖုန်းဘဲကြည့်နေတာလဲ´
'ဘာလို့ လာအော်နေတာလဲ´
'sry ကိုယ် မင်းထမင်းမစားတာကိုစိတ်ပူသွားလို့´
'စိတ်ပူစရာမလိုပါဘူး
ကိုယ့်အလုပ်ကိုတောင်မအားဘဲ ဘာလို့သူများကိုလိုက်စိတ်ပူနေတာလဲ´
'မောင်ရယ် မင်းမဆိုးစမ်းပါနဲ့ ကွာ´
ကျနော်က မောင့်လက်လေးကို အသာလေး ဆွဲယူပြီးပြောလေတော့
'ကျနော် ဆိုးသွမ်းမနေဘူး အကို´
'မဟုတ်...´
'ကျနော် နားလည်လွန်းတဲ့ကလေးတစ်ယောက်မဟုတ်လား´
'........´
'အကို ဘာလို့ ကျနော်တို့ရဲ့ဆက်ဆံရေးကို
လူအသိမခံချင်ရတာလဲအကို´
မောင့်မျက်လုံးထဲတွင် နားလည်ရခက်သောပုံရိပ်အချို့တို့ဖြတ်သန်းနေပြီးပုံရိပ်ဖမ်းရခက်သည်။
'ကျနော်က အကိုတိတ်တိတ်လေး တွဲပြီး အကိုစိတ်ပြောင်းတဲ့အခါကျအလွယ်တကူပြစ်ချသွားနိုင်လို့ လူတကာကို အသိမပေးခဲ့
တာလား´
'မောင်ရယ် ကိုယ်ခေါင်းကိုက်လွန်းလို့ ကိုယ့်ကိုစကားနာမထိုးပါနဲ့´
'ကျနော့်ပုံစံက ရန်လို နေတဲ့ပုံပေါက်လို့လားအကို ´
ဟုတ်လည်း ဟုတ်သည်သူ့ပုံစံက ရန်တွေ့နေတာနဲ့မတူ
'ကိုယ့်ကို နားလည်ပေးလို့မရဖူးလားမောင်´
'ကျနော် အမြဲ နားလည်ပေးခဲ့တာဘဲလေ´
အကို ဒီလိုပင် ကျနော့်ကိုဆို အမြဲမပြတ်မသား
ဘာဖြစ်စေချင်မှန်းလည်းနားမလည်
မွန်းကြပ်လှသည်။
'အကို ဒီနေ့နေ့လည်က ကိစ္စကိုရော ဘာ​မှပြောစရာမရှိဖူးလား´
'ဟင်´
'ကျနော် အကိုနဲ့အတူရှိချင်လို့ အကိုရှိတဲ့နေရာထိကိုလာခဲ့ရတာလေရောက်တော့လည်း အကိုနဲ့အတူတူ မရှိရဘူး ဘယ်ကမှန်းမသိတဲ့မိန်းမကရောက်လာပြီး .....´
'မမ ရောက်လာလိမ့်မယ်လို့လည်း ကိုယ်လည်းမျှော်လင့်မထားဘူး
ကိုယ်ကြိုလည်းမသိဘူး´
'အဲ့အမလည်းရင်းနီးတဲ့ သူဘဲမဟုတ်လား
အစ်ကိုမက်သရူးတို့လိုမျိုးလေ
အတွင်းလူဘဲ ဘာလို့ မပြောနိုင်တာလဲ´
'မမ မကြိုက်ဖူးထင်တယ်မောင်´
'ဘယ်လို´
'အင်းမောင် ကိုယ်မမကိုကြောက်တယ်´
(အဟက်)
'ဘယ်တစ်ယောက်နဲ့ဘဲ ယှဥ်ယှဥ် ကျနော်ကအမြဲတမ်းနောက်မှာဘဲနော်အကို´
'မဟုတ်ပါဘူးမောင်ရယ် ကိုယ်ကလေ
ဘယ်လိုပြောရမလဲ ကိုယ့်ဘဝမှာ မမက အများကြီးအရေးပါတယ်´
'ကျနော်ကရော အကို´
အချိန်ကိုက် ဝေါကနဲ ရွာချလာသော မိုးတွေကို ကျနော်သိပ်မုန်းပါသည်။
'မိုးတွေရွာနေပြီမောင် ကြောက်တယ်မလား´
'မိုးက အကို့ဆီက အ​လေးထားမခံရတာလောက်ကြောက်ဖို့မကောင်းဘူးအကို´
'မောင်ရယ် ကိုယ်တောင်းပန်ပါတယ်
ကိုယ်တို့အမြဲဘဲပြဿနာတတ်နေတာအဆင်မပြေဘူးလေမောင်
မောင်လည်းစိတ်မချမ်းသာသလို ကိုယ်လည်းစိတ်ဆင်းရဲရတယ်´
'ကျနော် ငိုချင်နေပြီအကို ကျနော် အကို့ဆီက အဖြေစကားတွေ မကြားရရင်တော့ ခနကြာရင် ငိုမိလိမ့်မယ်´
'ဘာအတွက်နဲ့လဲမောင်´
'ကျနော်ကိုယ်တိုင်လဲမသိဘူး ဘာအတွက်လဲ
အရေးမပါခြင်းအတွက်လား
အချစ်မခံရခြင်းအတွက်လား၊
ဂရုစိုက်မခံရခြင်းတွေအတွက်လားအကို ဘာကြောင့်ငိုရမှန်းကိုမသိတော့ဘူး´
'မောင်အထင်တွေ မလွဲပါနဲ့ ကိုယ်မင်းကိုချစ်ပါတယ် ကိုယ်လည်းအလုပ်တွေတအားများလို့ပါ´
အကိုက ခေါင်းကို ကိုင်ဖို့လုပ်တော့ရှောင်လိုက်မိတယ်ထင်ပါရဲ့။
'အကို ကျနော့်ကို အချိန်မပေးလည်းရတယ်
ဂရုမစိုက်လည်းရတယ် အလေးမထားလည်းရပါတယ်ဗျာ တစ်ခုဘဲ
ကျနော့်ကို အများရှေ့မှာတွဲပေးပါဗျာ´
'......´
'ကျနော်လည်း သူများနည်းတူ ချစ်ရသူနဲ့ပျော်ချင်ပါတယ် အကိုရယ်´
'.......´
'ကျနော့်လည်း ကားလမ်းဖြတ်ကူးတဲ့အချိန်တွေမှာ ချစ်ရသူလက်ကို ဆုပ်ကိုင်ပြီးကားလမ်းကိုဖြတ်ချင်ပါတယ်။
Monthsary တိုင်းမှာ တစ်နာရီလောက်ဘဲ ဖြစ်ဖြစ် အတူရှိချင်ပါတယ်
ဘယ်လိုချစ်ကြောင်း ကို facebook မှာစာတစ်ကြောင်းလေးနဲ့အဖြစ် သိချင်ပါတယ်´
'........´
'မောင့်ကိုပြောစမ်းပါအကိုရယ် ငါမင်းကို လူကြားထဲမှာလဲ အဖတ်လုပ်ပါ့မယ်လို့´
'..........´
'မရက်စက် စမ်းပါနဲ့ ခင်ဗျားရယ်´
ပုခုံးကိုလှုပ်ရမ်းနေတဲ့ မောင့်လက်တွေက အောက်ကို ပြေလျော့သွားပြီး
'ကျနော့်နှလုံးသားက အရမ်း ထုံကျင်နေပြီ´
မောင့်ကို ဒီလို တွေ လုံးဝ မဖြစ်စေချင်ပါ။
အဲ့တာကြောင့်ငါ့ပြောပါတယ်မောင်ရယ်
အဝေးဆုံးမှာရှိနေကြတာက အဆင်ပြေမှာပါလို့လေ
(Part 14)

 The Refuge (complete)Where stories live. Discover now