"ငါ့ညီမလေးကို နှမြောတောင်နှမြောတယ်" ဟု ပြောလာသဖြင့်

"ဘာကိုလဲမမကြီးရဲ့ ဘာကိုနှမြောတာလဲ"

"ဘာမှမဟုတ်ပါဘူး...ညီမလေးရဲ့ ၅ရက်နေ့dinnerတက်ဖို့ မမတို့နှစ်ယောက်dressအဖြူသွားချုပ်ကြမလား..ညီမလေးဖို့မမဝယ်ပေးမယ်"

"အင်းလေ သွားကြမယ်" ဟု ဆိုကာညီအစ်မနှစ်ယောက်အဝတ်အစားလဲကာ..မမကြီး၏အသိဒီဇိုင်နာဆီထွက်လာခဲ့ကြသည်...

တကယ်တော့ လွင်ဘုန်းခေတ်နှင့်လှမြတ်ကို ၅ရက်နေ့တွင် wedding dinnerကျင်းပပေးမည့်အတွက်ကြောင့် ကာယကံရှင်နှစ်ယောက်လုံးကို အသိမပေးပဲ လူကြီးတွေအချင်းချင်းသာ စီစဥ်နေကြခြင်းဖြစ်သည်..

အဒေါ်ဖြစ်သူ၏dinnerပွဲတစ်ခုလိုက်တက်ရမည်ဟူသောအဒေါ်ဖြစ်သူ၏စကားကြောင့် အဒေါ်ဖြစ်သူနှင့်အတူ dinnerပွဲတက်ရန်အတွက်ဒီဇိုင်နာဆီမှာ ဝတ်စုံသွားအပ်ရန်လိုက်လာခဲ့သည်...

"သမီးလှမြတ်နဲ့ခေတ်လေးကိစ္စ သူ့မိဘတွေကိုတီလေးပြောထားတယ် သူတို့ကလည်းသဘောတူတယ် ဘာမှစိတ်မပူနဲ့တော့နော်"

"ဟုတ်ကဲ့ပါတီလေး..."

ဒီဇိုင်နာဆီသို့ရောက်တော့ တီချယ်တို့နှင့်တိုးလေသည်...တီချယ့်ကိုမမြင်ချင်ယောင်ဆောင်၍တီချယ့်အစ်မကိုပြုံးပြကာနှုတ်ဆက်လိုက်လေသည်..

တီချယ်အစ်မက

"အန်တီယမင်းသစ်တို့ အင်္ကျီလာချုပ်တာလား"

"ဟုတ်တယ်..သမီးရေ..သမီးတို့ရောအင်္ကျီလာချုပ်တာလား"

"ဟုတ်တယ် အန်တီ..သမီးတို့ကရွေးပြီးပြီ ပြန်တော့မှာ"

"ဪ..အင်း..အဲဒါဆိုပြန်ကြလေ,.ဟိုဆရာတပည့်နှစ်ယောက်က ရန်ဖြစ်ထားကြတာလား..စကားတောင်မပြောကြဘူး" ဟု အန်တီယမင်းသစ်ဘက်ကပြောလာသောအခါ

"အဲ့လိုမဟုတ်ပါဘူး အန်တီ" ဟု လှမြတ်မှာလိမ်လိုက်ရသည်..

"သမီးတို့အချိန်ရတယ် မဟုတ်လား"

"ဟုတ်ကဲ့.အန်တီ"

"အဲဒါဆို အန်တီတို့အတူတူနေ့လည်စာသွားစားရအောင် ခဏလောက်စောင့်ပေးပါလား ဟိုမှာခေတ်လေး အင်္ကျီဒီဇိုင်းရွေးနေတာပြီးတော့မယ်"

နင်သာရှိရင်Where stories live. Discover now