အပိုင်း ၃၉

Start from the beginning
                                    

လက်ထပ်စာချုပ် လက်မှတ်ရေးထိုးပြီးသွားချိန်မှာတော့ ညနေ ဧည့်ခံပွဲအတွက် အဝတ်အစားလဲရန် ပြင်ဆင်ကြရတော့သည်။ ဇေယျာတိုးအဖို့ ခမ်းနားကြီးကျယ်သော ဧည့်ခံပွဲမျိုး မလိုအပ်သော်ငြားလဲ အောင်စေပိုင်မှာ ကုမ္ပဏီလုပ်ငန်းရှင် ဖြစ်သဖြင့် အသိမိတ်ဆွေများပေါများသောကြောင့် မလုပ်လို့မဖြစ်ပေ။ အစက အကျဉ်းရုံးလုပ်ဖို့သာ စီစဉ်ထားခဲ့သော်လဲ ဧည့်သည်များကို ဖိတ်ကြားရင်းနှင့် တဖြည်းဖြည်း များပြားလာရပြီး ဟော်တယ်ခန်းမကိုပင် ပိုကျယ်ဝန်းသောခန်းမနှင့် ပြောင်းလဲခဲ့ရတော့သည်။

ညနေဧည့်ခံပွဲတွင် ဝတ်မည့် အင်္ကျီများ လဲနေသော အောင်စေပိုင်ကို ဇေယျာတိုးတချက်ကြည့်လိုက်မိတော့ မျက်နှာ သိပ်မကောင်းပေ။ ထို့ကြောင့်သာ အောင်စေပိုင့် ခါးကို အနောက်နေသိုင်းဖက်ရင်း မေးလိုက်မိတယ်။

"စိတ်မကောင်းဖြစ်နေတာလားဟင်"

ထိုအခါအောင်စေပိုင်က သက်ပြင်းတချက်ချကာ သူ့ဘက်လှည့်လာပြီး သူ့အား ရင်ခွင်ထဲ သိမ်းကြုံးကာ ဖက်ထားလိုက်၏။

"အင်း။ ကိုယ် ဇေလေးကို တရားဝင် လက်မထပ်ပေးနိုင်လို့"

"ဒါက စိတ်မကောင်းစရာမှ မဟုတ်တာပဲ။ စာချုပ်တွေ ကတိတွေ တရားဝင်တာတွေ မဝင်တာတွေက အဓိက မကျပါဘူး။ အဓိက က ကျွန်တော်နဲ့ ကိုစေရဲ့ နှလုံးသားတွေ ထပ်တူကျပြီး ချစ်နေဖို့ပဲမလား"

"အင်း။ ကိုယ်သိပါတယ်။ ဒါပေမယ့် ဇေလေးကို သူများတွေလို တန်းတူ တရားဝင်လက်မထပ်ပေးနိုင်တာကို စိတ်မကောင်းဖြစ်မိလို့ပါ။ ကိုယ်တို့ လိင်တူလက်ထပ်ခွင့်ပြုထားတဲ့ နိုင်ငံ တစ်နိုင်ငံမှာသွားပြီး လက်ထပ်ကြမလားဟင်"

အရာရာမှာ တည်ငြိမ်အေးဆေးပြီး ရင့်ကျက်လှတဲ့ အောင်စေပိုင်ဟာလဲ ဇေယျာတိုးဆိုတဲ့ကောင်လေးနဲ့ ပတ်သတ်ရင် ဒီလိုလဲ ကလေးဆန်တတ်ပါသေးတယ်။ ဇေယျာတိုးကတော့ အောင်စေပိုင်ကို ပြုံးပြီးကြည့်ရင်းသာ ခေါင်းခါတယ်။

"ကျွန်တော့်အတွက်မလိုအပ်ပါဘူး ကိုစေရဲ့။ ကိုစေရဲ့နှလုံးသားတစ်ခုလုံးကို ရထားတဲ့ကျွန်တော်က တရားဝင်ခြင်းမဝင်ခြင်း ဆိုတာတွေ တကယ်ကို မလိုအပ်ဘူး"

နှလုံးသားအရင်းအနှီး [Complete]Where stories live. Discover now