အပိုင်း ၃၀

Start from the beginning
                                    

"သန့်....သန့်ရှင်းရေး လုပ်ပေး...ပေးတာက အထဲထိ...မလိုပါဘူး...အင်း"

"ကိုယ်က ဇေလေး ကို အများကြီး သန့်ရှင်းသွားစေချင်လို့လေ"

ပြုံးကာ မျက်စိတစ်ဖက်မှိတ်ပြရင်း ပြောလာသည့်လူကြီးကို ဆက်ရန်တွေ့ကာ ငြင်းဆန်လိုက်ချင်သော်လဲ နှုတ်ဖျားမှ စကားသံများအစား ချစ်ခြင်းတုန်လှုပ်သံများသာ ထွက်လာခဲ့တော့သည်။ အဲ့ဒီလက်ချောင်းရှည်ရှည်တွေ ဝင်လာတိုင်း ရေနွေးနွေး တချို့ပါ အတူဝင်ရောက်လာသဖြင့် နဲနဲတော့ စပ်ဖျဉ်းဖျဉ်း ဖြစ်ရသည်။ ဒါဟာလဲ ခုနက ပန်းခင်းထဲအလည်တစ်ခေါက်ရောက်ခဲ့စဉ် ပွတ်တိုက်မှုကြောင့် ရခဲ့ဟန် တူသည်။

ရေနွေးနွေးလေးကြောင့်လား ကိုစေ့ရဲ့လက်ချောင်းတွေကြောင့်လားမသိ ခနအကြာမှာတော့ စပ်ဖျဉ်းဖျဉ်းခံစားချက်လဲ မရှိတော့။ လက်ချောင်းတွေရဲ့ အထိအတွေကို ခံစားရင်း ကိုစေလက်ချောင်းတွေက တစ်စုံတစ်ခု ကိုရှာတွေ့သွားပြန်သည်။

"အင့်...ကိုစေ"

အတွင်းထဲ ဖွက်ကာသိမ်းထားသည့် ရတနာသိုက်လေးကို မျက်စိနဲ့ မမြင်ရတာတောင် ခနလေးအတွင်းမှာပဲ ကိုစေက ရှာတွေ့သွားသည်လေ။ အောင်စေပိုင့် လက်မောင်းတွေကိုသာ အားနှင့် ဖက်တွယ်ထားလိုက်ရင်း ငြီးငြူလိုက်မိတော့ ပို၍ မြန်ဆန်လာသော လက်ချောင်းတွေ။

ဟင့်...။
အဲ့ဒီလက်ချောင်းတွေက သူ့အားနည်းချက်ပဲလေ။
သူ့ကို အမြဲတမ်း အားနည်းချိနဲ့အောင်လုပ်ပြီး လက်နက်ချအရှုံးပေးစေတယ်။

ထို့နောက် ရေအောက်ကမ္ဘာထဲမှာ ပျံနှံ့သွားသော အညစ်အကြေးများ။ တော်သေးသည်က ဒီရေအောက် ကမ္ဘာထဲမှာ နေထိုင်သည့် ရေနေသတ္တဝါများမရှိပေ။မဟုတ်ရင်တော့ ဇေယျာတိုးလေးဟာ ရေအောက်ကမ္ဘာညစ်နွမ်းအောင် လုပ်မှုဖြင့် ခုံရုံးတင်ကာ စွဲချက် တင်ခံနိုင်ရစဖွယ် ရှိသည်။

ရေချိုးခန်းထဲက ပွေ့ချီခံရလာပြီး ရေစက်ရေပေါက်များကို ငြင်သာစွာ သုတ်ပေးနေသည်ကို ငြိမ်ခံ၍ ဇိမ်ယူကာ နေမိသည်။

"ဇေလေး ဇေလေး"

"အင်"

"မအိပ်နဲ့အုံး။ ဆေးသောက်ရအုံးမယ်လေ"

နှလုံးသားအရင်းအနှီး [Complete]Where stories live. Discover now