အပိုင်း ၂၅

Start from the beginning
                                    

အကာအရံမရှိတော့သော ကျောပြင်လေးကို ပွတ်သပ်ရင်း နမ်းရှိုက်မိတော့ ကောင်လေးဆီက မပီပြင်လှသော အသံတချို့ထွက်ပေါ်လာသည်။ ထို့နောက် နမ်းနေရင်းပင် သူ့ပေါ်မှီချလာလေသည်။

"ဇေလေး ဇေလေး"

နမ်းနေရင်းပင် အိပ်ပျော်သွားပြန်သော ကောင်လေးပါလေ။ လှုပ်နိုးလို့ပင် မရတော့သည်အထိ သူ့ကိုယ်ပေါ်မှာ ထပ်လျှက် အိပ်ပျော်သွားသော ကောင်လေးကို ဖက်ထားရင်းသာ သဘောကျစွာ ရယ်မောမိလိုက်တော့သည်။ အမူးသမားလေး စကားကို အတည်ယူမိတော့မလိုအထိ ဖြစ်သွားသည့် ကိုယ့်ကိုကိုယ်လဲ ရယ်ချင်မိသည်။

နောက်ဆို ဒီကောင်လေးကို အရက်သိပ်မသောက်ခိုင်းမှပဲ။ မူးနေသည့် ကောင်လေးက သိပ်ကို ရဲတင်းလွန်းတယ်။

စိတ်ထဲ တွေးရင်းသာ ကိုယ်ပေါ်မှာ ထပ်လျှက်အိပ်ပျော်နေသောကောင်လေး၏ ခေါင်းလေးကိုသာ မြတ်နိုးစွာနမ်းရှိုက်လိုက်မိသည်။

~~~~~~~~~~~~~~

မနက်နိုးလာတော့ ခေါင်းကိုက်ခဲနေမှုကြောင့် ခေါင်းကိုသာ ဖိကိုင်ထားလိုက်မိသည်။ ထိုအချိန် တကိုယ်လုံးကို နူးညံ့စွာ ရစ်သိုင်းလာသည့် နွေးထွေးမှုတစ်ခု။

"နိုးပြီလား"

"အင့်...ကိုစေ ခေါင်းကိုက်တယ်"

"ကိုက်မှာပေါ့။ မနေ့ညက သောက်ထားတာ လူမှန်းမသိ သူမှန်းမသိလေ"

"ဟင့်...ကိုစေကလဲ မဆူပါနဲ့"

နှုတ်ခမ်းဆူကာ ပြောမိတော့ အောင်စေပိုင်က သူ့နှုတ်ခမ်းတွေကို လာဖြစ်ညစ်သည်။

"ထတော့။ ပြီးရင် အစားစားပြီး ဆေးသောက်ရမယ် သိလား"

"ဟုတ်ကဲ့"

အောင်စေပိုင်ကတော့ အိပ်ရာပေါ်မှဆင်းသွားကာ ရေချိုးမလို့ပြင်ဆင်နေသည်။ ဇေယျာတိုးလဲ အိပ်ရာပေါ်မှ ထထိုင်လိုက်ရင်းအခုမှသတိထားမိသည်က သူ့တွင် အပေါ်အကျီမရှိခြင်း။ အသဲအသန် ကိစ္စများကို ပြန်စဉ်းစားသော်လဲ ဘာမှမမှတ်မိ။ ခေါင်းထဲအတွေးများစွာ ဝင်လာသောကြောင့်လဲ မျက်နှာများ ပူထူလာရသည်။ ဘယ်လိုမှစဉ်းစားလို့ မရတော့သဖြင့် အောင်စေပိုင်ကိုသာ မဝံမရဲ လှမ်းခေါ်လိုက်မိတော့သည်။

နှလုံးသားအရင်းအနှီး [Complete]Where stories live. Discover now