အပိုင်း ၂၃

Start from the beginning
                                    

"ဒီအတိုင်းသာ ဆက်နမ်းနေမယ်ဆိုရင် ကိုယ်ဇေလေးကို အိမ်ပြန်ခေါ်သွားမိတော့မယ်"

သူ့စကားကိုကြားတော့ ကောင်လေးက ရှက်သည်းစွာဖြင့် အကြည့်တို့ကို လွှဲကာ ခေါင်းကိုငုံ့ဖွက်သွားတော့သည်။ မျက်နှာလေးကို လက်လေးနဲ့ကိုင်ကာ မော့စေလိုက်ပြီး ပါးလေးကို ခပ်ဖွဖွပွတ်သပ်မိသည်။ရှက်စိတ်ကြောင့်ထင်သည် ကောင်လေး၏ ပါးပြင်လေးများက အပူငွေ့လေးများထွက်နေကာ နီရဲနေသည်။

"စာမေးပွဲနီးပြီမလား"

လက်ဖဝါးပြင်ထဲက မျက်နှာလေးက အနဲငယ်လှုပ်သွားသည်။

"အင်း။ စာသေချာလုပ်အုံး နော် ကြားလား"

"ဟုတ်ကဲ့"

နောက်ဆုံးပိတ် အနမ်းလေး ပေးရန်အတွက် ကောင်လေး၏ ပါးပြင်လေးကို နမ်းရှိုက်လိုက်မိသည်။ နူးညံ့အိစက်လှသော ပါးပြင်လေးကို မခွဲနိုင်မခွာရက်ဖြင့် တချက်သာ တို့ထိပြီး လွှတ်ပေးလိုက်ရတော့သည်။

"ညကျ စောစောအိပ်နော်"

"ဟုတ်ကဲ့ ကိုစေရောပဲ"

ရှက်သွေးဖြာနေသော ကောင်လေးက ကားပေါ်ကဆင်းပြေးပြီး အိမ်ထဲသို့ပြေးဝင်သွားတော့သည်။ အနီရောင်အရိပ်ကလေး ဖြတ်ခနဲ ပြေးဝင်သွားပြီး မြင်ကွင်းထဲ မရှိတော့တာတောင် ချစ်ကြည်နူးစိတ်ဖြင့် ဆက်ကြည့်နေမိဆဲ။

ခနအကြာတော့ အိမ်ထဲက ခေါင်းလေးပြူကာ အနီရောင်အရိပ်ကလေးမှာ မျက်နှာလေး ပေါ်လာသည်။ သူ့ကို ရဲနေသော ပါးမို့မို့လေးများ ဖောင်းတက်လာသည်အထိ ပြုံးပြကာ လက်ကိုဝှေ့ယမ်းပြီး တ့တာပြနေလေတော့သည်။ ထိုမှသာသူလဲ တချက်ပြုံးပြရင်း ကားကိုမောင်းထွက်ခဲ့ရတော့သည်။

ဒီကောင်လေးကြောင့် သူခနခနကို ပြုံးနေရတော့တာပါပဲ။

~~~~~~~~~~~

နွမ်းလျနေသော မျက်နှာနှင့် ကားပေါ်တက်လာသည့် ကောင်လေးကို အောင်စေပိုင် စိတ်မကောင်းဖြစ်စွာနှင့် ကြည့်မိသည်။

ပါးလေးကို ပွတ်သပ်လိုက်တော့ အရင်လို ပြည့်ပြည့်ဖောင်းဖောင်း ပါးလေးမှာ အနည်းငယ် လျှော့နေသည်။ မျက်တွင်းတို့မှာလဲ ချောင်ကျနေသည်။ စာမေးပွဲအတွင်းမို့ ဒီကောင်လေး စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေမှာ သေချာသည်။ သို့သော်လဲ စိတ်မကောင်းရုံမှတစ်ပါး ကိုယ်လဲ ဘာမှမတတ်နိုင်ပေ။

နှလုံးသားအရင်းအနှီး [Complete]Where stories live. Discover now