အပိုင်း ၂ဝ

Começar do início
                                    

ကိုယ့်မှာတော့ ကောင်လေး စာမေးပွဲနီးနေလို့ လွမ်းလို့ တွေ့ချင်တာတောင် သည်းခံပြီး နေခဲ့တာကို သူက တခြားကောင်မလေးတစ်ယောက်နှင့် ချိန်းတွေ့နေသည်တဲ့လား။ တရိပ်ရိပ်တက်လာသော ဒေါသတို့နှင့်အတူ ကောင်လေးအနား လျှောက်သွားမိရင်း အသိဈိတျတို့က ထိန်းမရပဲ လွတ်ထွက်သွားတော့သည်။

~~~~~~~~~~~~~~~~~~

"တကယ်ပြောနေတာ ထက်ရဲ့။ ငါ လက္ခဏာ ကြည့်တတ်တယ်။ ပေးကြည့် ပြမယ်"

"အပိုတွေ ဇေယျာရယ်။ ငါ့ကို လာဖြီးမနေနဲ့"

"အော် တကယ်ပြောတာပါဆို။ ငါကြည့်ပြမယ် နင့်လက်ပေး"

"ရော့ ရော့ အဲ့မှာ ကြည့်။ မဟုတ်လို့ကတော့ နင့်ကို ငါတကယ်ထုမှာ"

ဇေယျာတိုးကောင်မလေး လက်ကို ကိုင်ရင်း စနောက်ကာ လက္ခဏာကြည့်ပေးလိုက်သည်။ သေချာတာ တစ်ခုက ဘဲကြီးလက်ကို ကိုင်ရသည့် ခံစားချက်လောက် မကောင်းပေ။ရုတ်တရက်ခေါင်းထဲ ဝင်ရောက်လာသော အောင်စေပိုင်နှင့် နှိုင်းယဉ်မိနေသည့် အတွေးတို့ကို ဖယ်ထုတ်လိုက်ရင်း ထက်ကို စလိုက်မိသည်။

"အင်း.....လက္ခဏာ လမ်းကြောင်းကတော့ ထက်က ရည်းစားချောချောလေးရမှာပဲ"

"ဟုတ်လား။ ဘယ်လိုလူမျိုးလဲ"

"ငါလေ....ဟားဟားဟား"

"ဇေယျာ နင်ကတော့..."

ထိုသို့ ပျော်ရွှင်ရယ်မောကာ စနောက်နေသော စားပွဲဝိုင်းလေးတစ်ခု။

"မင်းဒီမှာ ဘာလုပ်နေတာလဲ ဇေယျာတိုး"

နောက်ကျောဘက်မှ ကြားလိုက်ရတဲ့ ရင်းနှီးပြီးသားအသံကြောင့် ဇေယျာတိုးတစ်ယောက် တကိုယ်လုံး တုန်တက်ကာ လန့်ဖြန့်သွားမိသည်။

"ဘယ်သူလဲ ဇေယျာ"

ဘေးနားက ထက်က ရှေ့က ခုံမှာ လက်ပိုက် ထိုင်နေတဲ့ အောင်စေပိုင် ကို တချက်ကြည့်ရင်း မေးသည်။ ဇေယျာတိုး အမှန်အတိုင်း မဖြေရဲပေ။ မထင်မှတ်ထားသော ကိစ္စတွေဖြစ်လာတာမို့။ သူဘယ်လိုရှင်းပြရမလဲ မသိ။

ကောင်မလေးနှင့် တွေ့ပြီး စကားပြောပြီးသည့်နောက်မှာ အောင်စေပိုင်နှင့် စကားပြောသည့်အခါ ခံစားရသည့် ရင်ခုန်မှုမျိုး မရရှိပါ။ ထို့ကြောင့် သူ အောင်စေပိုင်ကိုတကယ်ကြိုက်နေမှန်း သေချာသိပြီးတဲ့နောက်မှာ ကောင်မလေးနှင့် နှုတ်ဆက်လမ်းခွဲပြီး ဇာတ်လမ်းဖြတ်လိုက်ဖို့ စဉ်းစားထားလိုက်သည်။ သို့သော်မထင်မှတ်ထားသည်က အောင်စေပိုင်က သူတို့နှစ်ယောက်ကိုတွေ့သွားရခြင်းပင်။

နှလုံးသားအရင်းအနှီး [Complete]Onde histórias criam vida. Descubra agora