အပိုင်း ၁၇

Start from the beginning
                                    

ခနအကြာမှ အသိစိတ်ဝင်ပြီး ပြန်လွှတ်ပေးမိတော့ အောင်စေပိုင်၏ လက်မှာ သူ့၏ ကိုက်ခဲထားမှုကြောင့် ပေါက်ပြဲသွားပြီး သွေးပင် စို့နေသည်။

"အာ....ကိုစေ။ သွေး ထွက်သွားပြီ ကျွန်တော်တောင်းပန်ပါတယ်။ အသည်းယားပြီး စိတ်မထိန်းနိုင်လိုက်လို့ နာသွားလားဟင်"

"အင်း ရပါတယ် ဘာမှမဖြစ်ဘူး"

"အရမ်းနာသွားမှာပဲ ဘာလို့မရုန်းတာလဲ ကိုစေရဲ့။ ရုန်းလိုက်မှပေါ့"

"ဟင့်အင်း ဇေလေးမို့"

"ကိုစေကတော့ တကယ်ပဲ....."

သွေးထွက်သွားသည့် နေရာကို စိတ်မကောင်းဖြစ်စွာ ကြည့်ရင်း ထွက်လာသော သွေးများကို လျှာဖြင့် သပ်ယူလိုက်မိသည်။ လျှာဖြင့် သပ်လိုက်တိုင်း တိုးကာ ထွက်လာသော သွေးစလေးများ။ ထိုသွေးစလေးများကို ဆက်တိုက်ပင် လျှာနှင့် သပ်ပေးနေမိသည်။ ထိုစဉ် ရုတ်ချည်းဆန်စွာ လက်များ ချုပ်ကိုင်ခံလိုက်ရပြီး အောင်စေပိုင်က သူ့ကိုအုပ်မိုးလာသည်။

"ဘာ...ဘာဖြစ်လို့လဲဟင် သွေးတွေ ထွက်နေသေးတယ်"

"ဇေလေးက တကယ်ကို အကြောက်အလန့်မရှိတာပဲကွာ...."

"ဟင်....ဘာကိုလဲဟင်"

ကိုစေ့ ပြောစကားတွေကို နားမလည်နိုင်စွာဖြင့် ကြောင်အစွာ မေးမြန်းလိုက်တော့ အောင်စေပိုင်က ခပ်ဟဟ ရယ်ပြန်သည်။ ထို့နောက် သူ့ကိုရီဝေစွာ ကြည့်ရင်း နဖူးကို နမ်းရှိုက်လာသည်။အံ့သြမှင်သက်စွာဖြင့် မျက်လုံးများကို မှိတ်ချလိုက်မိပြီး ကိုစေ့အနမ်းကို လက်ခံရယူမိတော့ ရင်တွေတသိမ့်သိမ့် တုန်ခါသွားသည်။

နဖူးပေါ်က အနွေးဓာတ်လေး ဖယ်ခွာသွားချိန် မျက်လုံးတို့ကိုဖွင့်ကြည့်မိတော့ သူ့ကိုကြည့်နေသော ကိုစေ။
ဘာစကားမှမပြောပါပဲ အကြည့်များနှင့်ညှို့ယူခံလိုက်ရသဖွယ် သိနှင့်နေသည့် နှလုံးသား၏ ဆန္ဒကို လိုက်နာရင်း မျက်လုံးများကို မှိတ်ချလိုက်မိပြီး ကျရောက်လာမည့် အကြင်နာ အနမ်းများကို ငံ့လင့်နေမိသည်။

ကျရောက်လာသော အနမ်းများကို ခံယူနေရင်း မတုံ့ပြန်မိ။ တဖက်သတ်အနမ်းများကို ကျေနပ်စွာ ငြိမ်သက်ရင်း လက်ခံနေမိသည်။ နှုတ်ခမ်းသားချင်း အထိအတွေ့က နူးညံ့လွန်းတယ် ချိုမြိန်လွန်းတယ် သူ့နှလုံးအိမ်ကို ယိမ်းခါလှုပ်ယမ်းသွားစေတယ်။ နှုတ်ခမ်းသားတွေကို တချက်စုပ်ယူနမ်းရှိုက်လိုက်တိုင်း လေပေါ်မြောက်တက်သွားရသလို အသည်းတအေးအေး ဖြစ်ရသည်။ မျက်စိများ မှိတ်ထားသည့်တိုင် လှပဆန်းကြယ်သည့် မြင်ကွင်းများကို မြင်ကွင်းများကို မြင်နေရသလို ခံစားနေရသည်။

နှလုံးသားအရင်းအနှီး [Complete]Where stories live. Discover now