အပိုင်း ၁၂

Start from the beginning
                                    

"ဒီနေ့ ကျောင်းပိတ်တယ်မဟုတ်လား"

"ဟုတ်ကဲ့"

"အင်း....အိမ်ပြန်လိုက်ပို့ပေးမယ်"

"ဟုတ်"

ကားပေါ်ရောက်တော့လဲ အောင်စေပိုင်က ပုံမှန်အတိုင်းပင် ကားမောင်းလာသော်လဲ ပုံမှန်မဟုတ်သူမှာ မိမိပင် ဖြစ်သည်။ ကားပေါ်ရောက်တော့ အရေးကြီးသည့်တစ်စုံတစ်ရာကို မေ့လျော့နေသည့် ခံစားချက်မျိုးရလိုက်သည်။ စစ်ကြည့်တော့လဲ ထွေထွေထူးထူး ဘာပစ္စည်းမှ မပါလာသဖြင့် စိတ်ထင်လို့နေမှာပါလေ။

အိမ်ရှေ့ရောက်တော့ ဆင်းမယ်ကြံတော့ အောင်စေပိုင်က ကားကိုလော့ချလိုက်သည်။ နားမလည်သောကြောင့် အူကြောင်ကြောင်နှင့် လှည့်ကြည့်လိုက်တော့ အောင်စေပိုင်က မျက်မှောင်တို့တွန့်ခေါက်ကာ သူ့ကိုကြည့်နေသည်။

"မင်း အဲ့ဒီလို အရက်ခနခန သောက်နေကြလား"

"အဲ့...."

ဆိုင်းမဆင့်ဘုံမဆင့် ရုတ်တရက်မေးလိုက်သော မေးခွန်းကြောင့် ဇေယျာတိုး ခဏတော့ ကြောင်အမ်းသွားသည်။

"ခနခနတော့ မဟုတ်ပေမယ့် တခါတလေပါ"

"ကျစ်......ဘယ်သူတွေနဲ့လဲ"

"သူ...သူငယ်ချင်းတွေနဲ့ပါပဲ"

"အင်း.....နောက်တခါ အရက်သောက်မယ်ဆို ငါ့ကိုပြော ကြားလား"

"ဟုတ်...ဟုတ်....."

ကားပေါ်ကဆင်းပြီး အိမ်ထဲ ရောက်သည်အထိ အောင်စေပိုင်ပြောသွားသည့် စကားတွေကိုနားမလည်နိုင်သေး။

နေစမ်းပါအုံး။
ငါအရက်သောက်တာကို သူ့ကို ဘာလို့ပြောရမှာတုံး။ သူ့ကငါ့အဖေလဲ မဟုတ်။ အုပ်ထိန်းသူလဲ မဟုတ်တာကို။ ဒီဘဲကြီး ဘာတွေလာကြောင်နေမှန်းမသိပါဘူး။

ဒီပါးစပ်ကလဲ ယောင်ပြီး ဟုတ်....တဲ့။ ဖတ်....ဖတ်...ယောင်ချင်အုံး။
မပြောဘူး.....မပြောဘူး....ကိုယ့်ဘာသာအရက်သောက်တာ ပြောစရာလား မပြောဘူး ဟွန့်။

~~~~~~~~~~~~~

"လာလာ သားကြီး မနေ့ကအတွက် Congratulations ကွာ ဖြေးဖြေးထိုင်အုံး"

"ဘာကိုလာကွန်ပြီး ဘာကိုဖြေးဖြေးထိုင်ခိုင်းတာတုန်းဟ"

"မင်းရဲ့ လူပျိုရည် ပျက်သွားတာကို ကွန်တာလေ"

နှလုံးသားအရင်းအနှီး [Complete]Where stories live. Discover now