အပိုင်း ၉

Bắt đầu từ đầu
                                    

"ဒီ ခွေးမသားတွေကတော့"

"အခုဆိုရင်တော့ ဒီဘက်မှာ အငြင်းခံလိုက်ရလို့ ဝမ်းနည်းနေတဲ့ ဇေယျတုကို တွေ့ရမှာဖြစ်ပြီး..."

"ဒီဘက်မှာတော့ မျှော်နေတဲ့သူမလာလို့ ပူဆွေးနေတဲ့ ဇေယျာတိုးကို တွေ့ရမှာ ဖြစ်ပါတယ်"

ဖြိုးပိုင်အောင်နှင့် မင်းဇော်တို့က ရေသန့်ဘူးကို မိုက်လို ကိုင်ကာ ဘောလုံးပွဲ ကြေညာသလို တစ်ယောက်တလှည့် ပြောနေကြလေသည်။

ဇေယျာတိုးလဲ ဒီနှစ်ကောင်ကို ဘာမှမပြောချင်တော့။

နဂိုထဲက မကြည်သော စိတ်တို့ကြောင့် ရန်ဖက်မဖြစ်ချင်တော့၍ သက်ပြင်းတချက်ချကာ မေးထောက်ရင်း ကျောင်းဝန်းထဲ သွားလာနေသော လူများကိုသာ ကြည့်နေလိုက်မိတော့သည်။

ဘာကိုစိတ်မကြည်ကာ အလိုမကျလဲတော့ သူကိုယ်တိုင်လဲ မသိပါပေ။

ဒီအတိုင်း ရာသီဥတုပူ၍သာ ဖြစ်ပါလိမ့်မည်။

~~~~~~~~~~~~~~~

အောင်စေပိုင် အလုပ်ကိစ္စများကို လုပ်နေရင်း အတွင်းရေးမှူးမလေးက ကော်ဖီတစ်ခွက်လာချပေးသည်။

စာရွက်စာတမ်းများ စစ်ဆေးနေရင်း ချပေးလာသော ကော်ဖီခွက်ကို ယူသောက်လိုက်မိသည်။

သောက်ပြီး တချက်ကြည့်လိုက်တော့ ကော်ဖီထည့်ထားသော ခွက်လေးက အနီရောင်။

အနီရောင်ကိုမြင်မိသည်နှင့် အနီရောင်အရမ်းကြိုက်တတ်ပြီး တကိုယ်လုံး ရဲတွတ်နေတတ်သည့် အနီရောင်ပုဇွန်ထုပ်လေးကို ပြေးမြင်မိတော့ စိတ်ထဲ ကြည်နူးသွားရသည်။

ထိုမှတဆင့် အနီရောင်လေရဟတ်လေး ကိုင်ကာပြုံးနေသည့် ကလေးငယ်လေး။

ဟိုတနေ့က သူ့ကို ဖွင့်ပြောသည့် ကောင်လေး၏ အမူအရာကို ပြန်မြင်ယောင်မိတော့ အသံပင်ထွက်ကာ ရယ်မောလိုက်မိသည်။

မျက်စိတို့ကို အတင်းစုံမှိတ်ကာ လက်သီးလေး ဆုပ်ပြီး ပြောနေပုံက တကယ်ချစ်စရာအတိ။

စိတ်လှုပ်ရှားရင် မျက်စိစုံမှိတ်ပြီး လက်သီးဆုပ် ထားတတ်တဲ့ အကျင့်လေးက အခုချိန်ထိ ရှိနေ တုန်းပဲကိုး။

နှလုံးသားအရင်းအနှီး [Complete]Nơi câu chuyện tồn tại. Hãy khám phá bây giờ