အပိုင်း ၈

Depuis le début
                                    

"ငါလူးမသား ^#*-@*%@&@-%#*%"

"ဒါဆို ဒီလိုလုပ်။ ဒီနေ့က တပတ်ပြည့်တဲ့နေ့ မဟုတ်လား"

"အင်း"

"အဲ့ဒီတော့ အနိုင်အရှုံးကွဲပြားသွားအောင် ဒီနေ့ မင်းဘဲကြီးကို ဖွင့်ပြောလိုက်"

"ဖလူး........."

သောက်နေသော အအေးများ ပါးစပ်ထဲမှ လွင့်စင်ကာ ရေပန်းသဖွယ် ထွက်သွား၏။

"လခွမ်းနဲ့မှ ရွံစရာကွာ ဇေယျတုရာ"

ဖြိုးပိုင်အောင်နဲ့ မင်းဇော်တို့က သူတို့ဆီကိုလာစင်သော အအေးများကို တစ်ရှူးနဲ့ သုတ်နေကြသည်။

"ငါက ဘာလို့ ဖွင့်ပြောရမှာလဲ"

"ဒီနေ့က တပတ်ပြည့်တဲ့ နေ့လေ။ အဲ့တာကြောင့်လောင်းထားတာ အနိုင်အရှုံးသေချာသိရအောင် မင်းဖွင့်ပြောလိုက်။ အဲ့တာမှ အငြင်းခံရ မခံရ သိရမှ။ အနိုင်အရှုံးကွဲမှာလေ"

"ဝုတ်တယ် ဝုတ်တယ်။ ထောက်ခံတယ်"

ဖြိုးပိုင်အောင်က ပါးစပ်ထဲ ထမင်းကြော်တွေ ပလုပ်ပလောင်းထည့်ရင်း ဖြေတယ်။

"ကောင်းပါ့မလားဟ မင်းတို့ကလဲ အဲ့လိုကြီးပြောဖို့က နဲနဲတော့ တမျိုးကြီးပဲ"

"ဘာမှမဖြစ်ဘူးဟရောင့်။ ငါတို့လောင်းထားတာ တပတ်ပဲလေ။ အခုတပတ် ပြည့်သွားပေမယ့် မင်းအခြေအနေက အနိုင်အရှုံးသတ်မှတ်လို့ မရတာမို့ ကွဲကွဲပြားပြားဖြစ်သွားအောင်လုပ်ရမှာ"

"အေးလေ။ ဒါမှ မင်းလဲ အဲ့ ဘဲကြီးနဲ့ ထပ်မပတ်သတ်ရတော့မှာလေ။ အဲ့တာကြောင့် ဖွင့်ပြောလိုက်တော့"

"အဲ့... အဲ့လိုလား...."

"အင်း ဟုတ်တယ်"

ဖြိုးပိုင်အောင်နှင့် မင်းဇော်တို့က တပြိုင်နက်ထဲ ခေါင်းငြိမ့်ကာ ထောက်ခံကြသည်။

~~~~~~~~~~~

ညနေကျောင်းဆင်းချိန် ရောက်ပေမယ့် ဇေယျာတိုး မပြန်သေးပဲ စောင့်နေမိသည်။

"ညနေကျ စောင့်နေ လာခေါ်မယ်"

မနက်ကပြောသွားသော စကားကြောင့် မပြန်သေးပဲ စောင့်နေရခြင်းပေ။

နှလုံးသားအရင်းအနှီး [Complete]Où les histoires vivent. Découvrez maintenant