အပိုင်း ၇

Start from the beginning
                                    

"အော်...."

"မေမေတို့ကလဲ မော်လမြိုင်မှာအမျိုးတွေရှိတော့ စကားစပ်မိရင်း ဆွေမျိုးတွေလို ခင်သွားတော့တာပဲ။ကိုယ့်ရပ်ဆွေရပ်မျိုးမို့ ပိုခင်မိတာလားမသိပါဘူး"

"မေက ဖွားဖွားမရှိတော့ထဲက မော်လမြိုင်မရောက်ဖြစ်တော့တာမို့ အခုမော်လမြိုင် အမျိုးတွေတွေ့တော့ ပျော်နေတာပေါ့"

"အင်းပေါ့ သားရဲ့။ အမေလဲ အလုပ်ကိစ္စတွေရှုပ်နေတာရော မော်လမြိုင်ကိုမပြန်ဖြစ်တာကြာပြီ။ အရင်က ဖွားဖွားရှိတုန်းကဆို ခနခန သွားဖြစ်သေးတာ"

"ဟုတ်။ အားတဲ့နေ့ကျ ဒေါ်ဒေါ်နွယ်နဲ့ ချိန်းပြီး Shopping လေးဘာလေးထွက်ပေါ့ မေမေရဲ့။ မေမေလဲတနေ့တနေ့ အိမ်ထဲမှာပဲနေရတာပျင်းနေမှာပေါ့"

"အမလေး ဟုတ်ပါပြီ သားတော်မောင်ရယ်။ အမေ့ကိုဆရာပြန်လုပ်နေတယ် ဒီကောင်လေးကတော့။ သားလေးသာ နေကောင်းအောင်လုပ်"

"ဟုတ်ကဲ့"

~~~~~~~~~~~~~

"သားရေ စေပိုင်"

"ပြောလေ ဒေါ်လေး"

"တော်သေးတာပေါ့။ သား အလုပ်သွားပြီ ထင်နေတာ"

"ခုပဲ သွားတော့မလို့ ဒေါ်လေး ဘာမှာမလို့လဲ"

"မှာမလို့ မဟုတ်ပါဘူး။ ဒါလေး ညီမသူသူတို့ အိမ်ကို ဝင်ပို့ပေးပါအုံး။ မော်လမြိုင် ပုဇွန်ခြောက် မနေ့က ပို့လိုက်လို့ ညီမသူသူဆီ ပေးချင်လို့"

"ဟုတ်ကဲ့ ပေးလေ။ ကျွန်တော်အလုပ်သွားရင်း ဝင်ပေးလိုက်မယ်"

"အေး အေး သားလမ်းမှာ ဂရုစိုက်နော်"

"ဟုတ်ကဲ့"

ကားပေါ်ရောက်တော့ ပုဇွန်ခြောက်ထုတ်ကို ချထားရင်း အနီရောင် ပုဇွန်ခြောက်တွေကို မြင်မိတော့ အနီရောင်သိပ်ကြိုက်တတ်တဲ့ ကောင်လေး ကို တချက်သတိရမိသွားသည်။

ထို့အတူ လေရဟတ်လေးကိုင်ကာ ခပ်တောင့်တောင့်ရပ်နေရင်း ရယ်နေသော ဓာတ်ပုံလေးကိုပါ အတွေးထဲ ပြန် မြင်မိလိုက်တော့ သူပါတခါထဲ ရောပြုံးမိသွားသည်ကိုတော့ ဝန်ခံရပါလိမ့်မည်သာ။

"အန်တီ ဒေါ်လေးက ပို့ခိုင်းလိုက်လို့"

"ဟယ် ပုဇွန်ခြောက်တွေ ကောင်းလိုက်တာ။ အားနာစရာကွယ်"

နှလုံးသားအရင်းအနှီး [Complete]Where stories live. Discover now