အပိုင်း ၃

Start from the beginning
                                    

"ဒါ ဒါပေမယ့် သူကယောက်ျားကြီးကို"

"ဘာပဲဖစ်ဖစ် အဲ့လို ဇာတ်လမ်းစ။ မင်းကို အိမ်တောင်ပြန်လိုက်ပို့ပေးတယ် ဆိုတော့ အခြေအနေကကောင်းနေပြီ။ ငါတို့တုန်းက တချက်တောင် လှည့်ကြည့်တာမဟုတ်ဘူး"

ဇေယျာတိုးလဲ စိတ်ညစ်ညစ်နဲ့ပဲ မျက်စိရှေ့က အအေးခွက်ကို ပိုက်နဲ့မွှေနေလိုက်တယ်။

ရှေ့က နှစ်ကောင်ကတော့ ဆိုင်အပြင်ဘက်ကို မျှော်ရင်း ငေးနေကြသည်။

" ဟိုမှာ ကား လာနေပြီ။ သွားသွား ကော်ဖီသွားမှာတော့"

သူငယ်ချင်းများက အတင်းကာရော ဇွတ်တွန်းလွှတ်မှုကြောင့် ကောင်တာရှေ့ရောက်လာရသည်။

မှာထားသည့် ကော်ဖီခွက်ကို ကိုင်ရင်း အဲ့ဒီနားမှာပဲ ရပ်နေမိသည်။

လက်ထဲက Espresso ကော်ဖီ ခွက်ကတော့ အငွေ့တထောင်းထောင်း ထကာ ပူလောင်နေဆဲ။

ခေါင်းလောင်းသံ ကြားတော့ အဲ့ဒီလူ ဝင်လာပြီဆိုတာ သိလိုက်သည်။

စိတ်လှုပ်ရှားနေသောကြောင့် ခြေထောက်များပင် တဆတ်ဆတ်တုန်နေသည်။

တုန်ယင်နေသည်ကို ထိန်းရင်း အောင်စေပိုင် ကောင်တာနားရောက်ခါနီးကျမှ နောက်သို့လှည့်ကာ ဝင်တိုက်ရင်း ကော်ဖီခွက်ကို မှောက်ချလိုက်သည်။

"အား.....မင်း ဘာလုပ်လိုက်တာလဲ"

ကော်ဖီခွက်မှာတော့ သေချာစွာ လှလှပပလေး အောင်စေပိုင် အပေါ်သို့ မှောက်ကျသွားခဲ့ပါသည်။

သို့သော် ခန္ဓာကိုယ်အပေါ်ပိုင်း အကျီပေါ်သို့မဟုတ်ပဲ ခန္ဓာကိုယ်အောက်ပိုင်း အလယ်ဗဟို တည့်တည့်ဘောင်းဘီပေါ်သို့။

ဇေယျာတိုး သေချာချိန်ဆ တွက်ဆထားခဲ့သော်လဲ နာနေသောခြေထောက် နှင့် တုန်ယင်နေသောခြေလှမ်းတို့ကြောင့် နောက်အလှည့်မှာ အောက်သို့ ယိမ်းယိုင်ကျသွားပြီး အောင်စေပိုင် ဘောင်းဘီပေါ်သို့ ကျသွားရခြင်းသာ။

ကော်ဖီများမှာ အငွေ့တထောင်းထောင်းနှင့် ပူလောင်နေဆဲဖြစ်သောကြောင့် အရေးကြီးသော နေရာကို တည့်တည့်မတ်မတ် ထိမှန်သွားသည့် အောင်စေပိုင်မှာတော့ မသက်သာပေ။

နှလုံးသားအရင်းအနှီး [Complete]Where stories live. Discover now