4

175 25 3
                                    

"ဂျောင်ကုတော်ပါတော့ကွာ"

"မတော်ဘူးကွာဘာဖြစ်လဲငါ့ကိုဘယ်သူလာတားနေတာလဲ"

"ငါဂျောင်ဟိုဆော့ဟေ့မင်းကအရက်တွေမူးပြီးဘာတွေဖြစ်နေတာလဲဒီအရွယ်နဲ့အရက်သောက်စရာလား"

"ဟင် ဟိုဆော့လား"

"အေမင်းဘာဖြစ်နေတာလဲဘာလို့အရက်သောက်နေရတာလဲ"

ညနေထဲကဂျောင်ကုပျောက်နေလို့တဲ့သူ့အမေဖုန်းဆက်လာတော့ကိုယ့်မှာစိတ်အရမ်းပူပြီးညနေထဲကလိုက်ရှာနေတာအခုမှတွေ့တယ်ဟန်မြစ်ဘေးမှာအရက်ထိုင်သောက်ပြီးငိုနေတယ်။မငိုပါနဲ့လားဂျောင်ကုရာမင်းငိုရင်ငါရင်နာလွန်းလို့မင်းကောဘာဖြစ်လို့‌ငိုနေတာလဲ

"ရယ်နာငါ့ကိုစိတ်ဆိုးသွားတယ်ထင်တယ်ငါ့ကိုလမ်းခွဲမယ်တဲ့ဘယ်လိုလုပ်ရမလဲဟိုဆော့ရာ"

အော်မင်းကသူလမ်းခွဲမယ်ပြောလို့အရက်သောက်ပြီးငိုနေတာလား။မင်းငါ့ခံစားချက်ကိုနည်းနည်းပါးပါးဂရုမစိုက်ဘူးလားကွာမင်းအဲ့လိုပြောတော့ငါရင်ကသေမတက်အောင်ကိုနာတယ်ဆိုတာမင်းသိလား။

"ဒါကြောင့်လား"

"အင် ဟိုဆော့မင်းစဉ်းစားကြည့်ကွာသူနဲ့ငါချိန်းထားတာငါကသွားတာနောက်ကျသွားတယ်။နောက်ကျတယ်ဆိုကလည်းအရင်ကငါ့သူငယ်ချင်းမိန်းကလေးတစ်ယောက်လမ်းမှာဒုက္ခရောက်နေလို့ကူညီမိလို့ကွာအဲ့ဒါကိုရယ်နာကတွေ့သွားပြီအထင်လွဲသွားတယ်ထင်တယ် စိတ်ဆိုးပြီးလမ်းခွဲမယ်တဲ့ ဟင့် ကူညီပါအုံး"

"မင်းသူကိုအဲ့လောက်တောင်ချစ်တာလားဂျောင်ကု"

"အင်"

ကျွန်တော်ငိုမိပြန်တယ်သူနဲ့ပတ်သက်ရင်အမြဲဒီမျက်လုံးအိမ်ကမျက်ရည်ကျမိတယ်။သူ့ကိုစချစ်ထဲကကျွန်တော်လည်းမျက်ရည်လွယ်တက်လာပြီ

"ဟိုဆော့ငါပြောတာကြားလားကူညီပါအုံးကွာ"

"မကူညီဘူးဆိုရင်ကော"

"ငါမင်းကိုမခင်တော့ဘူး"

အာလေးလျှာလေးနဲ့ပြောနေသောချစ်ရသူလေး

"ငါခံစားချက်ကိုထည့်မတွက်ဘူးလားဂျောင်ကုရာ"

"မင်းဘာတွေပြောနေတာလဲကူညီမှာလား မကူညီဘူးလားတစ်ခုပြော"

One Sided Love Where stories live. Discover now