Chapter 1

1.2K 84 0
                                    

၁၉၂၁။ အဆင့်မြင့်တာဝန်ထမ်းဆောင်သူဖြစ်လာခြင်း

တာဝန်ထမ်းဆောင်သူတစ်ယောက်ဟာ အမှတ် သန်း၂၀ ရပြီးသည်နှင့် တပြိုက်နက် အဆင့်မြင့်တာဝန်ထမ်းဆောင်သူ ဖြစ်လာနိုင်သည်။ နဉ်ရှုသည် သူမ၏ အမှတ်များကို ကြည့်လိုက်ရင်း စိတ်လှုပ်ရှားစွာ 2333ကိုမေးလိုက်သည်။

"ငါ အဆင့်မြင့်တာဝန်ထမ်းဆောင်သူ ဖြစ်လာတော့မှာမလား?"

"မင်း ဖြစ်လာနိုင်တယ်...ဒါပေမဲ့ အဆင့်မြင့်တိုင်း အထူးတာဝန်တစ်ခု ထမ်းဆောင်ရလိမ့်မယ် အဲ့တာပြီးရင် ဖြစ်လာလိမ့်မယ်" 2333 ကပြောသည်။ "မင်း အထူးတာဝန်ကိုမလုပ်ဖို့လဲရွေးချယ်လို့ရတယ် အဲ့တာက အဆင့်မြင့်တာဝန်ထမ်းဆောင်သူ တိုက်ရိုက်ဖြစ်လိမ့်မယ်"

"တာဝန်မထမ်း‌ဆောင်ဖို့ရွေးချယ်လို့ရတယ်" နဉ်ရှု ခဏ ကြောင်သွားသည်။"အခြေအနေတစ်ခုခုတော့ရှိတယ်မလား?"

"မင်း ကုသိုလ် အမှတ် ၃၀၀၀ ဒါမှမဟုတ် ယုံကြည်မှုအမှတ် ၅၀၀၀ ကိုသုံးရမယ် အထူးတာဝန်တွေရဲ့ ခက်ခဲမှုက တစ်ယောက်နဲ့ တစ်ယောက်မတူဘူး တစ်ချို့လူတွေအတွက် လွယ်ပေမဲ့ တစ်ချို့အတွက်ကျ ခက်တယ်။ ဒါက ကံနဲ့ပဲဆိုင်တာ"

"ဒါပေမဲ့ ငါမင်းကို တာဝန်ထမ်းဆောင်ဖို့ ငါ အကြံပေးချင်တယ် တစ်ဆင့်ချင်းစီ သွားတာက ပိုကောင်းတယ်"

နဉ်ရှုခေါင်းကိုညိတ်လိုက်ရင်း "ဒါပေါ့ ကုသိုလ်အမှတ် ၃၀၀၀ ဒါမှမဟုတ် ယုံကြည်မှုအမှတ် ၅၀၀၀ ဟုတ်လား? အဲ့တာက ငါအသက်ကို ယူလို့ရမလားလို့ မေးနေသလိုပဲ။ အဆင့်မြင့်တင်ထားတဲ့ အကာအကွယ်အဆောင်က ကုသိုလ်အမှတ် ၁၀၀ပဲကျတာလေ..တကယ်လို့ ကျရှုံးသွားရင်တောင် ငါကို ကာကွယ်ပေးနေတုန်းပဲလေ။"

သူမဒီလောက်တော့ ဉာဏ်ရည်မှီပါသေးတယ်။

2333:......

2333 က အားနည်းစွာ ပြောလာသည်။

"ဒါပေမဲ့ မင်း တာဝန်ကျရှုံးသွားပြီး ပြန်စရင်လည်း ယုံကြည်မှုနဲ့ ကုသိုလ် အမှတ်တွေအများကြီးသုံးရဦးမှာပဲ"

ဘုရားသခင်ရေ...အထက်အရာရှိတွေက လက်အောက်ငယ်သားတွေကို အမြတ်ထုတ်သလိုခံစားနေရတယ်။

[Complete]Campus World (Realm 30)Nơi câu chuyện tồn tại. Hãy khám phá bây giờ