(၂၁၂) ကျွေးတဲ့လက်ကိုပြန်ကိုက်တဲ့ ဇာတ်လိုက်မ

Beginne am Anfang
                                    

"ဟုတ်ပြီလေ လာခဲ့မယ်"
ပိုင်ရှန်းရှို့ အင်္ကျီ၀တ်ပြီးထွက်လာတော့ စုန့်ကျောင်းယွဲ့က အပြင်ဖက်မှာစောင့်နေတာကိုတွေ့ရတယ်။ သူမကိုမြင်တာနဲ့ ချက်ချင်းပဲ
".....ဆရာပိုင် ကျုပ်ကိုတစ်ခုလောက်ကူညီစေချင်တယ်"

"ဘာများပါလိမ့်"
ပိုင်ရှန်းရှို့က ၀င်ထိုင်လိုက်တယ်။ နည်းနည်းတော့ ဇ​ေ၀ဇ၀ါနဲ့ပေါ့။ စုန့်ကျောင်းယွဲ့က ဘာလို့ စိတ်လှုပ်ရှားနေတဲ့ပုံပေါက်နေရတာလဲဆိုပြီး။

"ဒီလိုပါ....ကျုပ်တို့မနေ့ညက ရန်သူ့စခန်းကို၀င်တော့ အဲ့မှာ အချုပ်ခံထားရတဲ့မိန်းမတစ်ယောက်ကိုတွေ့တယ်"

"ဘယ်ကမိန်းမလဲ"

"လင်မိန်းကလေး"

"ဘာ?!"
၀ါး ဇာတ်လိုက်မအသက်ရှင်နေသေးတာ အထင်ကြီးစရာပဲ။

"သူ့ပုံစံက နည်းနည်းကြောင်တောင်တောင်ဖြစ်နေတယ်ထင်လို့။ သူ့ကို ဆရာပိုင်နဲ့အတူ မြို့တော်ကိုခေါ်သွားပေးလို့ရမလားလို့ပါ"
လင်ချန်းဇီကိုသူခေါ်မယ်ဆိုရင် ပိုင်ရှန်းရှို့ကိုပါ ခေါ်ရမှာပဲ။

"ရပါတယ်။ အဆင်ပြေတယ်"

"ဒါပေမယ့် ဆရာစုန့်ကပဲ သူ့ကိုဂရုစိုက်ပေးလို့ရမလား?"

"ရတယ်လေ"

"လင်ချန်းဇီကမိန်းမဖြစ်နေတော့ တခြားလူတွေဂရုစိုက်ပေးလို့အဆင်မပြေဘူးလေ။  ဇာတ်လိုက်မကို မတွေ့ချင်ပေမယ့် ရှုအာကိုခေါ်ပြီး လင်ချန်းဇီအတွက်အိမ်ပြင်ခိုင်းလိုက်တယ်။
ဘာပဲဖြစ်ဖြစ်တစ်ညလောက်ပဲဟာ။

ဒါပေမယ့် အဲ့ဒီအမျိုးသမီးအိမ်ထဲခြေတစ်လှမ်းလောက်ချလိုက်ရုံနဲ့ ပြဿနာတန်းတက်မယ်လို့ ဘယ်သူကထင်မှာလဲ။ ဇာတ်လိုက်မက ဆွဲဆောင်မှုကောင်းနေတော့ အဲ့အိမ်က သားလုပ်သူက မတော်တရော်တွေ ကျူးလွန်မိသတဲ့လေ။ အခုမှ အားလုံးစီစဥ္ပြီးလို့ လေးနာရီလောက်ပဲရှိသေးတာ။ ဘယ်လိုလုပ်ပြီး ပြဿနာမြန်မြန်ဖြစ်နိုင်ရတာလဲ။

အဲ့ဒီမိသားစုက သားကလည်း နုနုနယ်နယ်ဆယ့်ရှစ်နှစ်အရွယ်ပဲရှိသေးတာ။ သူ့ခမျာ အပြစ်ကြီးလုပ်ထားမိတဲ့သူလိုမျိုး ဒူးထောက်နေရှာတယ်။ သူ့အမေနဲ့ သူ့အမလည်း အတူတူဒူးထောက်နေတာပေါ့။ မျက်ရည်တွေက သူတို့မျက်နှာပေါ်မှာခြောက်သွေ့လို့။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 2]Wo Geschichten leben. Entdecke jetzt