5-Destiny

5.8K 529 8
                                    

"မင်းကို တစ်ပတ်တိတိ အိမ်ထဲကထွက်ခွင့်ပိတ်တယ်။ ကျောင်းကိုလဲ ငါလှမ်းအကြောင်းကြားပြီးပြီ"

Appaရဲ့ အမိန့်ကို Yeolလက်မခံနိုင်စွာ Ommaကို စစ်ကူခေါ်ဖို့ကြည့်လိုက်တော့ Ommaက မသိချင်ယောင်ဆောင်ပြီး Yeolရဲ့ ပစ္စည်းတွေကို သိမ်းနေသည်။ ဆေးရုံက ဆင်းခွင့်ရပြီဆိုလို့ ပေါ့ပါးနေတဲ့စိတ်ကြီးက Appaစကားတစ်ခွန်းအောက်မှာပဲ ပျက်ပြားသွားပြီ။ အိမ်တောင်မပြန်ရသေးဘူး။ Appaက စတင်အမိန့်တွေထုတ်နေပြီလေ။ Yeol ရှုံ့မဲ့နေတဲ့မျက်နှာနဲ့ ဆေးရုံကုတင်ပေါ်က ခုန်ဆင်းလိုက်သည်။ Appaက သူ့အပြုအမူကို ကျေနပ်ပုံမရပေမယ့် ဘာမှတော့မပြောပါ။

~~~Phone Ring~~~

Appaတစ်ယောက် ဖုန်းဝင်လာတာကြောင့် သူ့ဘောင်းဘီအိတ်ထဲကဖုန်းကိုထုတ်ကြည့်ပြီး ဘာကြောင့်မှန်းမသိ Yeolကို ပဟေဠိဆန်ဆန်မျက်လုံးတွေနဲ့ တစ်ချက်ကြည့်ကာ အခန်းထဲက ထွက်သွားသည်။

တစ်ပတ်လုံး အိမ်တွင်းအောင်းရမယ့်အဖြစ်ကို တွေးရင်း Yeolစိတ်ပေါက်လာသည်။ Yeol စကားစမှာစိုးလို့ Ommaကလည်း ဟိုလုပ်ဒီလုပ်နဲ့ သန့်စင်ခန်းထဲ ဝင်သွား၏။

"Aish"

Yeol သည်းမခံနိုင်တဲ့အဆုံး ဆံပင်တွေကိုဖွပစ်ရင်း Appaရှိရာ ထလိုက်သွားလိုက်သည်။

"Mr.Doတို့ လက်ခံတယ်ဆိုလို့ ဝမ်းသာပါတယ်ဗျာ။ ကျွန်တော်တို့ဘက်က တခြားနဲ့ စကားလွန်ထားတာလဲ အမြန်ဖျက်သိမ်းပစ်မှာပါ"

Yeol တံခါးကိုဖွင့်ဖို့ လက်လှမ်းချိန်မှာ အပြင်က ဖုန်းပြောနေတဲ့ Appaစကားတွေက နားထဲဝင်လာသည်။ Mr.Doဆိုတာ Soo Appaမလား။ ဝမ်းသာတာတွေရော... ဖျက်သိမ်းမှာတွေရော။ Yeol ညစ်နေတဲ့စိတ်တွေ ပိုရှုပ်သွားသည်။ Sooဆိုတဲ့ ကောင်မလေးနဲ့ ပတ်သက်တယ်ဆိုတော့လည်း သိချင်စိတ်က ထိန်းမရ။

"အဲ့ဒါဆို Mr.Doတို့ဘက်က သေချာအောင် စီစဉ်ပေးထားနော်။ အိမ်က သားတော်မောင်ကိုတော့ စိတ်ချပါ။ သူက ကျွန်တော့်စကားတစ်ခွန်းပဲ"

" ငင်... ငါလဲပါတာပဲ။ Appa ဘာတွေပြောနေတာလဲ"

Yeol ဆက်နားထောင်ချင်သေးပေမယ့် Omma သန့်စင်ခန်းထဲက ထွက်လာတဲ့အသံကြောင့် တံခါးဆီက ပြန်လှည့်လာရသည်။ ရင်ထဲမှာတော့ ပဟေဠိပေါင်းများစွာ။

ကျွန်တော့်ရဲ့စွာတေးWhere stories live. Discover now