"ကျွန်တော်တို့ မနည်းထိန်းထားလို့ အခုတော့ ငြိမ်နေပါတယ်... အစ်ကိုကပဲ ပြန်ဖို့ ​ပြောပေးပါဦး... ကျွန်တော်တို့ အလုပ်မပြုတ်ချင်လို့ပါဗျ"

ဝန်ထမ်းကောင်လေးက အသနားခံသလိုပြောလာတော့ နဂိုတည်းကမှ စိတ်နုတဲ့ Saintက ခေါင်းငြိမ့်ပြလိုက်သည်။ ကောင်လေးတွေပြန်ထွက်သွားတော့ Saintအခန်းထဲ လိုက်ပတ်ကြည့်ပေမယ့် Perthကို မတွေ့။ ရေချိုးခန်းထဲက ရေသံ ပတောက်ပတောက်ကြား၍ ရေချိုးခန်းထဲ၌ ရှိမည်ထင်၍ ဝင်လာခဲ့သည်။

ထင်သည့်အတိုင်း bathtubထဲမှာ အင်္ကျီကျွတ်နှင့် ထိုင်နေသည့် Perth။ မျက်လုံးကို မှိတ်ပြီး အနောက်ကိုမှီကာ လူက အိပ်ပျော်နေသလိုလို မေ့မျောနေသလိုလိုဖြစ်နေတာကြောင့် Saint အနားကပ်သွားလိုက်သည်။

"ဒီမှာ... ရေထဲမှာ အိပ်မနေနဲ့ ထဦး"

"....."

"ငါ့ကို အဲ့လောက် ဒုက္ခမပေးလို့မရဘူးလား... ငါအလုပ်နဲ့အကိုင်နဲ့ကွ အခုလိုမျိုး မင်းခေါ်တိုင်း လာလို့မရဘူး"

"....."

"ဟေး! ကြားလား"

မျက်လုံးလည်းမဖွင့် ပြန်လည်းမပြောတဲ့အပြင် Perthရဲ့ ခေါင်းက ပိုငိုက်စိုက်သွားတာကြောင့် Saint Perthရဲ့ မျက်နှာကို မေးစေ့ကနေ လှမ်းကိုင်လိုက်၏။

"ဘာဖြစ်တာလဲ! သတိထားဦးလေ... Perth Perth"

Saint ရင်ထဲ ပူထူသွားတာတော့အမှန်။ အရက်အလွန်အကျွံသောက်ပြီး နှလုံးတွေဘာတွေရပ်သွားတာလား။ ရေစိမ်တာကြာလို့ လေဖြတ်သွားတာလား။ ဦးနှောက်သွေးကြောတွေ ဘာတွေများ ပြတ်သွားတာလား။ သေသွားတယ်ဆိုလျှင် သူ့ကို အမှုလာပတ်ဦးမည်။

"ဒုက္ခပါပဲ...ကျစ်... အ"

ဗွမ်း!

တစ်ယောက်ယောက်ကို ခေါ်မှဖြစ်တော့မည်မို့ Saint မတ်တပ်ထရပ်လိုက်စဥ် လက်ကောက်ဝတ်ကနေ အဆွဲခံလိုက်ရပြီး bathtubထဲ ပြုတ်ကျသွား၏။ ပြီးတော့ လက်တစ်စုံက သိုင်းဖက်ထားသည်။ လန့်ဖြန့်သွားပြီး ပူထူသွားပေမယ့် အသိစိတ်ပြန်ကပ်တဲ့အချိန် သူက Perth ရင်ခွင်ထဲမှာ။

"ဘာလုပ်တာလဲကွ"

"ကျားဂူထဲ ဝင်လာတဲ့ သမင်ငယ်လေးကို လှမ်းဆွဲလိုက်ရုံပါ ဘာလုပ်လို့လဲ"

I Found YouWhere stories live. Discover now