"ဟုတ်ကိုကြီး...အပြင်မှာတွေ့ခဲ့ပါတယ်"

တီချယ့်မေမေနှင့်ဖေဖေက

"မတွေ့ရတဲ့ ၉နှစ်ကျော်မှာ ချောလာလိုက်တာ ငယ်ငယ်ကလို ချာတိတ်လေးမဟုတ်တော့ဘူး" ဟု ခေတ်ကိုချောလာသည်ဟုပြောသဖြင့်

"အားလုံးနေကောင်းကြပါတယ် ဦးနဲ့အန်တီတို့လည်းဒီအတောအတွင်းကျန်းမာကြတယ် မင်းရဲ့တီချယ်သာ တစ်ခါတစ်လေဘာဖြစ်မှန်းမသိ တမှိုင်မှိုင်တထွေထွေနဲ့" ဟု လှမြတ်ကိုပြောနေသဖြင့်

"မေမေတို့ကလည်း..ဘာတွေလျှောက်ပြောနေကြတာလဲ" ဟု ဝင်တားလိုက်ရသည်..လှမြတ် လွင်ဘုန်းခေတ်ကိုသဘောကျသည့်အကြောင့်တစ်အိမ်လုံးကိုအသိပေးထါးသည်..အိမ်ကလည်းခေတ်နောက်မကျသည့်သူတွေဖြစ်တာကြောင့်လှမြတ်ကိုနားလည်ပေးကါ လွင်ဘုန်းခေတ် ချစ်လာအောင်လို့စိတ်ရင်းနဲ့ကြိုးစားပါပဲပြောသည်...

လှမြတ်ရဲ့တူမလေးသည် လွင်ဘုန်းခေတ်၏ပေါင်ပေါ်ကနေမဆင်းပဲ လွင်ဘုန်းခေတ်၏ပါးစပ်ထဲသို့ စပျစ်သီးတွေ တစ်လုံးချင်းစီခွံ့ကျွေးနေသည်

"သမီးလေး...ဦးဦးပေါင်ပေါ်မှာမထိုင်နဲ့လေ..ဦးဦးငြောင်းနေမှာပေါ့" ဟု သူ့အဖေပြောနေသော်လည်းမဆင်းပေ..

"ရပါတယ်..ထိုင်ပါစေ" ဟု ခေတ်ကိုမော့ကြည့်လာသည့်ကလေးကိုပြုံးပြပြီး သူ့အဖေကိုပြောလိုက်တော့ ထိုကလေးက

"ဖိုးဖိုးဖွားဖွားနဲ့ဖေဖေမေမေ တီကြီးနဲ့တီထူးတို့ရှိတုန်းသမီးပြောစရာရှိတယ်" ဟု ဆိုလာသဖြင့် အားလုံးက

"ကဲ..ပြောပါအုံး ဘာပြောမလို့လဲ"

"သမီးအသက်ကြီးလာရင် ဦးဦးနဲ့လက်ထပ်ပေး" ဟု ပြောလာသဖြင့် အားလုံးက

"ဟားဟား ဟား..ဒီကလေးကတော့မလွယ်ပါလားဟေ" ဟု ဝိုင်းရယ်ကာပြောနေကြသည်..

တူမလေးကိုကြည့်ကာလှမြတ်ရင်ထဲအလိုမကျမှုတွေဖြစ်လာသည်..ကလေးနဲ့သဝန်တိုတယ်ပဲပြောပြော ဘာပဲပြောပြော..လွင်ဘုန်းခေတ်က လှမြတ်ရဲ့အပိုင်ပဲဖြစ်ရမည်..ဒါ့ကြောင့် လွင်ဘုန်းခေတ်ပေါင်ပေါ်မှာ ထိုင်နေသည့် တူမလေးကိုကောက်ချီလိုက်ပြီး..

နင်သာရှိရင်Where stories live. Discover now